ဘန်ကောက် ၊ ဩဂုတ် (၁၀) မြန်မာလူမျိူးအများစု နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အပါအဝင် ထိုင်းနိုင်ငံရဲ့ ဒေသအများစုမှာ မိုးရွာနိုင်ပြီး ပြည်နယ် ၄၃ ခုမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ခြေရှိလို့ ရေကြီးမှုသတိပေးချက်ကို ထိုင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီ‌‌ေကြညာချက်မှာ မုတ်သုံလေဟာ မြောက်ဘက်ကို ရွေ့လျား အားကောင်းနေပြီး တစ်ချိန်တည်းမှာ အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့တွေကို ဖြတ်ကျော်ဝင်ရောက်နေတယ်လို ဆိုထားပါတယ်။

အဆိုပါအခြေအနေကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်၊ချင်းမိုင်၊လန်ဖန်းအပါအဝင် ထိုင်းမြောက်ပိုင်းဒေသ ၁၁ ခု၊နန်ခုံပနန်းနဲ့ ချိုင်ရာဖန်အပါအဝင် ထိုင်းအရှေ့မြောက်ပိုင်းဒေသ ၁၈ခု၊နန်ခုံစဝမ်နဲ့ ကန်ချနာပူရီ အပါအဝင် အလယ်ပိုင်းလွင်ပြင်‌ဒေသ ၅ခု၊နခွန်နယွတ်နဲ့ ချောင်ဘူရီအပါအဝင် အရှေ့ဘက်နဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးသည်းထန်မှုကြောင့် ကပ္ပလီပင်လယ်ပြင်မှာ အမြင့် နှစ်မီတာကနေ သုံးမီတာကျော်အထိ လှိုင်းရှိနေနိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်လို့ ပင်လယ်ပြင်ထွက်ခွာမယ့် လှေသဘော်တွေကို သတိထားဖို့နဲ့ လှေငယ်တွေကို ကမ်းကပ်ထားဖို့ လည်း ထိုင်းမိုးလေဝသဌာနက သတိပေးထားတယ်လို့ သိရပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.