August 10, 2022

“အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ “

ယင်းမာပင် – ဩဂုတ်(၁၀) ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး “အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

သတ္တိရှိရင် မြို့ပြင်မှာ စစ်တိုက်မယ်လို့ အာဏာသိမ်းစစ်တပ်ကို ဟားခါး CDF စိန်ခေါ်

ဟားခါး – ဩဂုတ်(၁၀) အာဏာသိမ်းစစ်တပ်အနေနနဲ့ သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့ မြို့ပြင်ကို ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ Chinland Defense Force-Hakha က ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်အာဏာ၊ပြည်သူ့အာဏာကို မတရားလုယူထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူပိုင်…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဝက်လက်မြိုနယ်မှာ အကြမ်းဖက် PDF တွေက ပြည်သူတွေရဲ့ နေအိမ်ကို ဖျက်ဆီးပြီး တန်ဖိုးရှိသည်များအားယူဆောင်သွား”…

မြို့သစ်မြို့ ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံး တစ်ဦးဒဏ်ရာ ရ

မြို့သစ် – ဩဂုတ်(၁၀) မကွေးတိုင်း မြို့သစ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဗိုလ်ကြီး(၃) ပွင့်အပါအဝင် (၃) ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၉) ရက်နေ့က မြို့သစ်မြို့နယ် ကနီကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးစည်းရုံးနေစဉ်မှာ ဒလန်သတင်းပေးခဲ့တဲ့အတွက် စစ်ကောင်စီ အင်အား…

ကရင်နီရဲတပ်ဖွဲ့က အကျဉ်းသား ၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဒီမော့ဆို ၊ သြဂုတ် (၁၀) ၇၄ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က အကျဉ်းသား ၇ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ညွန်ကြားချက်အရ အကျဉ်းသား ၇ ဦးကို လူသားချင် စာနာထောက်ထားမှုအနေနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တာလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

ကချင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်မယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၁၀) ကချင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုး တွေအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်သွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ…