မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးရဲ့ တရားဝင်ငွေလဲနှုန်းကို (၁၃.၅) ရာခိုင်နှုန်း လျှော့ချ

ရန်ကုန် – ဩဂုတ်(၉) 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာကျပ်ငွေ တစ်ဒေါ်လာကို (၁၈၅၀) က (၂၁၀၀) အထိ ကျဆင်းခဲ့ကာ မြန်မာ့စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုကြာ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့် သွားစေခဲ့ပြီး ကျပ်ငွေတန်ဖိုးကို ဒေါ်လာနဲ့ ယှဉ်ပြီး ဖိအားတိုးစေတာ၊လောင်စာဆီနဲ့ စားသောက် ကုန်တွေစျေးတက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

မှောင်ခိုစျေးကွက်မှာ ကျပ်ငွေတန်ဖိုးဟာ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနှုန်းအသစ်ထက်(၂၀) ရာခိုင်နှုန်းက (၃၀) ရာခိုင်နှုန်းအထိ မြင့်မားနေသေးတယ်လို့ အွန်လိုင်းငွေကြေးတရားမဝင် ရောင်းဝယ်နေတဲ့ အစုအဖွဲ့တွေရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

စစ်အစိုးရ အရာရှိတွေကြောင့် အရင်နှုန်းထားတွေဟာ ကိန်းဂဏန်းတွေ တိုးပွားလာနေပြီး ဗဟိုဘဏ်ဟာ ဒီနှစ်အတွင်းငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ အစီအမံတွေ ဆက်တိုက် ထုတ်ပြန် ထားတာပါ။ 

ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ဘဏ်တွေကိုလည်း နိုင်င့ခြားချေးငွေတွ ပြန်ဆပ်တာ၊အပ်ငွေ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံခြားငွေအားလုံးကို အလုပ်ရက်တစ်ရက်အတွင်း ပြည်တွင်းဘဏ်တွေမှာ လဲလှယ်တာကို ရပ်ဆိုင်းထားဖို့နဲ့ ပြန်လည်သတ်မှတ်ဖို့အတွက် အမိန့်ထုတ်ထားပြီး ဝန်ကြီးဌာန တွေနဲ့ ဒေသန္တရအစိုးရတွေကို ပြည်တွင်းငွေလွှဲပြောင်းမှုမှာ နိုင်ငံခြားငွေအသုံးမပြုဖို့ ညွှန်ကြား ထားခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်နှောက်ပိုင်းမှာ ဗဟိုဘဏ်က ပြည်တွင်းမှာ ရရှိထားတဲ့ နိုင်ငံခြားငွေတွေ ကို (၁၀၀) ရာခိုင်နှုန်းအစား(၆၅) ရာခိုင်နှုန်းကို လိုင်စင်ရ ဘဏ်တွေမှာ အပ်နှံရမှာဖြစ်တယ်လို့ ပထမအကြိမ်လိုအပ်ချက်ကို ဖြေလျှော့ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဗဟိုဘဏ်ဟာ ဧပြီလမှာ ကျပ်ငွေတန်ဖိုးကို (၁၇၇၈) ကနေ (၁၈၅၀) ဆီကို ပြီးခဲ့တဲ့ ဧပြီလမှာ နှုန်းထား သတ်မှတ်ပြောင်းလဲခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.