ဘေဂျင်း ၊ သြဂုတ် (၉)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ပီဟာ ဩဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သံတမန် သတင်းအရင်းအမြစ်များက ရိုက်တာသတင်းဌာနကို  ပြောကြားခဲ့ပါတယ်။

မြန်မာသံအမတ် ဦးမျိုးသန့်ပီ မကွယ်လွန်မီ လွန်ခဲ့သော စနေနေ့မှာ မြန်မာနယ်စပ်၊ တရုတ်နိုင်ငံအနောက်တောင် ဘက်ခရိုင် ယူနန်မှာ ဒေသအာဏာပိုင်များနှင့် အစည်းအဝေးတစ်ရပ်မှာ မြင်တွေ့ခဲ့ရပါသေးတယ်။

ထိုပုဂ္ဂိုလ် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး အခြားသော သံအမတ် ၃ ဦးမှ ပြောကြားရာမှာတော့ ယူနန်သို့ ခရီးထွက်နေစဥ် တနင်္ဂနွေနေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမီဒီယာ အသိုင်းအဝိုင်း သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ ထိုကဲ့သို့သေဆုံးမှုမှာ နှလုံးရောဂါကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

မှတ်ချက်တစုံတရာပေးနိုင်ဖို့ အတွက် ရိုက်တာသတင်းဌာနက မြန်မာသံရုံးကို ဆက်သွယ်ရာမှာတော့ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဦးမျိုးသန့်ပီကို ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင်လည်း ထိုရာထူးကို ဆက်လက်ဆုပ်ကိုင်ထားခဲ့သူ ဖြစ်ပါတယ်။  

တရုတ်နိုင်ငံမှာ ယမန်နှစ်အတွင်း အခြားသော ထိပ်တန်းအဆင့် ပြည်ပ သံအမတ် ၃ ဦးလည်း ဆုံးပါးခဲ့ဖူးပါတယ်။

ဘေဂျင်းသို့ တာဝန်ထမ်းဆောင်ရန်အတွက် စက်တင်ဘာလအတွင်း ရောက်ရှိခဲ့သော ဂျာမန်သံအမတ် ဂျန် ဟက်ကာ သည် သီတင်းပတ် ၂ ခုစာ မကြာသေးခင်မှာပင် သေဆုံးသွားခဲ့သလို အသက် ၆၅ နှစ်အရွယ် ယူကရိန်းသံအမတ်သည်လည်း ဘေးဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ရောက်ရှိပြီး ခဏအကြာ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်သည်လည်း တရုတ်နိုင်ငံအရှေ့ဘက် ခရိုင်/ဒေသန္တရ အန်ဟွိုင်မြို့မှာ ကွာရန်တင်းဝင်နေစဥ် သေဆုံးမှုသည်လည်း ဧပြီလအတွင်း ဖြစ်ပွားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.