တိုင်ပေ- ဩဂုတ်(၉)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ တိုင်ပေမြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်မှုကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်က သူတို့ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက်တစ်ရက်အကြာ ဩဂုတ်လ(၈) ရက်နေ့မှာလည်း စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

ရေငုပ်သင်္ဘောဆန့်ကျင်ရေးနဲ့ ပင်လယ်ပြင်တိုက်ခိုက်ရေး စစ်ဆင်ရေးတွေကို အဓိကထား ပူးတွဲ စစ်ရေးလေ့ကျင်မှု ပြုလုပ်မှာဖြစ်တယ်လို့ တရုတ်အရှေ့ပိုင်းကွပ်ကဲမှုက ပြောဆိုထားပြီး လုံခြုံ ရေးလေ့လာသူနဲ့ သံတမန်တချို့က ထိုင်တမ်ကာကွယ်ရေးအတွက် ဆက်လက်ဖိအားပေးသွားမှာ ကိုစိုးရိမ်တယ်လို့ ပြောဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တိုင်ပေကို ပထမဆုံးအကြိမ်ပဲ့ထိန်းဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်မှုနဲ့ တုံ့ပြန်ခဲ့ကာ အမေရိကန်နဲ့ ဆွေးနွေး မှုလမ်းကြောင်းတချို့ကိုလည်း ရပ်တန့်ခဲ့ပါတယ်။ 

တရုတ်ရဲ့ နောက်ဆုံးစစ်ရေးလေ့ကျင့်မှု မကြေညာခင်မှာပဲ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အလည်အပတ်ရောက်ရှိနေတဲ့ စိမ့်ဗင်းဆင့်နဲ့ ဂရန်နန်ဒင်းဝန်ကြီးချုပ် ရာ့ဖ်ဂွန်ဆာ့လ်ဗတ်စ် နဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ စစ်ရေး ဖိအားပေးမှုတွေကြားက လာရောက်လည်ပတ်ဖို့ကို စိတ်အား ထက်သန်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဝန်ကြီးချုပ် ဂွန်ဆာ့လ်ဗတ်စ်က တရုတ်စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်မှာ လာရောက် လည် ပတ်တာကို တားဆီးမှာမဟုတ်ဘူးလို့ မကြာသေးခင်ရက်ပိုင်းက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်တွေဟာ ကျွန်တော်တို့ကို အလွန်ထိမိစေပါတယ်” ဟု ထိုင်ပေမြို့ရှိ ဂွန်ဆာ့လ် ဗတ်စ် ကြိုဆိုပွဲအခမ်းအနားတွင် ထိုင်ဝမ်သမ္မတ ဆိုင်က ပြောကြားခဲ့ပါတယ်။ 

ပလိုစီ ခရီးစဉ်မတိုင်ခင်နဲ့ ခရီးစဉ်ပြီးနောက် သမ္မတက ဂွန်ဆာ့လ်ဗတ်စ်ကို ဖိတ်ကြားခဲ့တာရှိမရှိ အတိအကျ မသိခဲ့ပေမယ့် ရိုက်တာ သတင်းဌာနက ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်း ခဲ့ချိန်မှာ အစိုးရတွေကြား ပြည်တွင်းစီမံကိန်း ဒါမှမဟုတ် ဆက်သွယ်ရေးကို ထုတ်ဖော်ပြောဆိုခဲ့ တာမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

အစောပိုင်းလေးရက်လေ့ကျင့်မှုအတွင်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်(၁၁) စင်းပစ်ခတ်ခဲ့တာ အပြင် တရုတ်စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့ လေယာဉ်တွေဟာလည်း ကျွန်းတစ် ဝိုက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံသန်းနေခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီစစ်ရေးလေ့ကျင့်မှု မပြီးဆုံးမီ တရုတ်နဲ့ ထိုင်ဝမ်တို့က စစ်သင်္ဘော (၁၀) စင်းလောက်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ တရားဝင်မဟုတ်တဲ့ အလယ်ထိစပ်မျဉ်းတစ်ဝိုက်က အနီးနားက တိမ်းရှောင်ခဲ့ကြကာ လုံခြုံရေးအစီအမံနဲ့ ပတ်သက်တဲ့ အခြေအနေနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောဆို ချက်အရ သိရပါတယ်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်စစ်သင်္ဘောတွေ၊လေယာဉ်တွေနဲ့ မောင်းသူမဲ့ လေယာဉ်တွေဟာ ကျွန်းနဲ့ သူတို့ရဲ့ ရေတပ်ကို တိုက်ခိုက်မှု ပုံသဏ္ဍန် ပုံစံတူလုပ်ဆောင်ခဲ့ တယ်လို့ ပြောဆိုခဲ့ပြီး သင့်လျော်စွာ တုံ့ပြန်ဖို့ လေယာဉ်နဲ့ သင်္ဘောတွေ စေလွှတ်ခဲ့ရတယ် လို့ ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ 

ပလိုစီရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန် အပေါ် သံတမန်ရေးအရ ဖိအားတွေကို ဆက်လက်ထိန်းသိမ်းထားကာ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.