ကျိုက်ထို ၊ သြဂုတ် (၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးမှာ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တင်အင်အား ၃၀ လောက်နဲ့ နယ်မြေကျော်ပြီး စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၁ ဦး သေဆုံးပြီး ၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။နှစ်ဖက်တိုက်ပွဲပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.