August 9, 2022

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ လေကြောင်းကာကွယ်ရေး ကနဦး ပစ္စည်းတွေကို စတင် အသုံးပြုနေပြီလို့ NUG ထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၉) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ ပြည်သူတွေ ထည့်ဝင်ခဲ့တဲ့ Project Dragonfly စီမံချက်က ကနဦး ပစ္စည်းတချို့ဟာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်ပါတယ်။ Project Dragonfly စီမံချက် အောင်မြင်စေဖို့ ထောက်ပံ့ကူညီခဲ့ကြသူများ၊ အသိပညာရှင်၊ အတက်ပညာရှင်၊အနုပညာရှင်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ…

ကော့သောင်း ငါးဖမ်းစက်လှေ မီးလောင်မှုကြောင့် ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

ကော့သောင်း ၊ သြဂုတ် (၉) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံရေခဲစက်တံတားရှိ ငါးဖမ်းစက်လှေ မီးလောင်မှုကြောင့် ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ရွှေဝက်ရေခဲစက်ဝံတံတားမှာ ဆိုက်ကပ်ထားတဲ့ ထက်ထက်ပိုင် ငါးဖမ်းစက်လှေ ဝါယာရှော့ဖြစ်ပြီးနောက် ငါးဖမ်းစက်လှေ ၃…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

ကျိုက်ထို ၊ သြဂုတ် (၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးမှာ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တင်အင်အား ၃၀ လောက်နဲ့ နယ်မြေကျော်ပြီး စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးရဲ့ တရားဝင်ငွေလဲနှုန်းကို (၁၃.၅) ရာခိုင်နှုန်း လျှော့ချ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးရဲ့ တရားဝင်ငွေလဲနှုန်းကို (၁၃.၅) ရာခိုင်နှုန်း လျှော့ချ ရန်ကုန် – ဩဂုတ်(၉) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာကျပ်ငွေ တစ်ဒေါ်လာကို (၁၈၅၀) က (၂၁၀၀) အထိ ကျဆင်းခဲ့ကာ မြန်မာ့စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုကြာ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့် သွားစေခဲ့ပြီး ကျပ်ငွေတန်ဖိုးကို ဒေါ်လာနဲ့ ယှဉ်ပြီး ဖိအားတိုးစေတာ၊လောင်စာဆီနဲ့ စားသောက် ကုန်တွေစျေးတက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ မှောင်ခိုစျေးကွက်မှာ…

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဩဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့

ဘေဂျင်း ၊ သြဂုတ် (၉) တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ပီဟာ ဩဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သံတမန် သတင်းအရင်းအမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မြန်မာသံအမတ် ဦးမျိုးသန့်ပီ မကွယ်လွန်မီ လွန်ခဲ့သော စနေနေ့မှာ မြန်မာနယ်စပ်၊ တရုတ်နိုင်ငံအနောက်တောင် ဘက်ခရိုင် ယူနန်မှာ ဒေသအာဏာပိုင်များနှင့် အစည်းအဝေးတစ်ရပ်မှာ မြင်တွေ့ခဲ့ရပါသေးတယ်။ ထိုပုဂ္ဂိုလ် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး…

တရုတ်စစ်တပ်က ထိုင်ဝမ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေ

တိုင်ပေ- ဩဂုတ်(၉) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ တိုင်ပေမြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်မှုကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်က သူတို့ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက်တစ်ရက်အကြာ ဩဂုတ်လ(၈) ရက်နေ့မှာလည်း စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ရေငုပ်သင်္ဘောဆန့်ကျင်ရေးနဲ့ ပင်လယ်ပြင်တိုက်ခိုက်ရေး စစ်ဆင်ရေးတွေကို အဓိကထား ပူးတွဲ စစ်ရေးလေ့ကျင်မှု ပြုလုပ်မှာဖြစ်တယ်လို့ တရုတ်အရှေ့ပိုင်းကွပ်ကဲမှုက ပြောဆိုထားပြီး လုံခြုံ ရေးလေ့လာသူနဲ့ သံတမန်တချို့က…