နယူးယောက်- ဩဂုတ်(၇)

မြန်မာအာဏာသိမ်းစစ်တပ်ဟာ နျူကလီးယားနက်လက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးလုပ်ငန်းစဉ် တွေမှာ ဘယ်သောအခါမှ မိတ်ဖက်ကောင်းမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စောင့်ကြည့်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

ဩဂုတ်လ(၁) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုများပြန်လည်သုံးသပ်ရေးဆိုင်ရာ(၁၀) ကြိမ်မြောက်ညီလာခံ မှာ အခုလိုပြောဆိုခဲ့တာပါ။

“စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရ၏ TPNW အား အတည်ပြုပါဝင်ရေး ကြိုးပမ်းမှု မှာလည်း ထိခိုက်ခဲ့ရကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်တပ်မှ နျူကလီးယားဖျက်သိမ်းရေး နဲ့ ပတ်သက်၍ ယခင်ကအရပ်သားအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဖျက်ဆီးခြင်းမပြုနိုင်ရန် အလိုငှာ တရားမဝင်စစ်တပ်အား နိုင်ငံတကာအသိုင်းအဝိုင်းမှ စောင့်ကြည့်ပေးရန် တိုက်တွန်း ကြောင်း” မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်အတိုင်း မြန်မာ စစ်တပ်ကို လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုတွေရပ်တန့် ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ စစ်တပ်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက် ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့ပေမယ့် အရပ်သားအစိုးရအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိုအဓိက ဦးစားပေးလုပ်ငန်းအဖြစ် တက်ကြွစွာပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်င့အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးဆိုင်ရာ ကတိကဝတ်တွေ ကိုဆက်လက်အပြည့်အဝလိုက်နာသွားမှာဖြစ်ပြီး ဘယ်လိုပုံစံ၊ဘယ်နေရာ၊ဘယ်အချိန်နဲ့ ဘယ်သူ တစ်ဦးတစ်ယောက်က နျူကလီးယားအသုံးပြုတိုက်ခိုက်တာကို မြန်မာနိုင်ငံအနေနဲ့ ရှုံချတယ် လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

ကမ္ဘာ့နေရာအနှံ့အပြားမှာ နျူကလီးယားလက်နက်(၂၇၀၀၀) အထိတည်ရှိနေပြီး ဆက်လက်ထုတ် လုပ်မှုတွေလည်း ရှိနေကာ ပြယုဂ်အဖြစ်ဖြစ်စေ၊ အသုံးပြုဖို့ဖြစ်စေ အဲ့ဒီလက်နက်တွေ တည်ရှိနေ တာဟာ လူနေမှုဘဝတွေကို ဖျက်ဆီးဖို့အတွက်ဖြစ်နေသလို နျူကလီးယားအန္တရာယ်ဟာ အဲ့ဒီတစ်ခု တည်းမဟုတ်ပဲ သဘာဝပတ်ဝန်းကျင် လူသားချင်းစာနာမှု၊စီးပွားရေး အကြပ်အတည်းနဲ့ ကျန်းမာရေး ကဏ္ဍ အပါအဝင် ကဏ္ဍများစွာအတွက် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေ ဖြစ်ပွား လာမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.