ဝါရှင်တန် – ဩဂုတ်(၇) 

တရုတ်နိုင်ငံသာမက တခြားသောနိုင်ငံတွေအလားတူ တွန်ဂါနေနဲ့ သူတို့ရဲ့ နိုင်ငံအနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ဒုတိယအတွင်းရေးမှူးဝန်ဒီရှာမန်က ပစိဖိတ် နိုင်ငံတွေကို သွားရောက်တဲ့ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။ 

ဒုတိယအတွင်းရေးမှူး ရှာမန်ရဲ့ ပြောဆိုချက်အရ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန် တရားဝင် ဆက်ဆံ ရေးမတည်ဆောက်မီ ရာစုနှစ်(၃) စုလောက်အကြာထိ နိုင်ငံတွေအချင်းချင်း ထိတွေ့ရင်ဆိုင်နေ တယ်လို့ ဆိုထားတာပါ။ 

နိုင်ငံတွေကြား ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို တန်ဖိုးထား မျှဝေခံစားနေကြချိန် တွန်ဂါဟာ မဟာဗျူဟာကျကျ ဆောင်ရွက်ဖို့ အရေးပါတယ်လို့  သူမက ပြောခဲ့တာပါ။ 

အမေရိကန် ထိပ်တန်းအရာရှိတွေဟာ ဒေသတွင်းဘူမိမဟာဗျူဟာ ယှဉ်ပြိုင်မှုတွေဖြစ်ပေါ်လာ နေတဲ့ ဒီနှစ်အတွင်း တောင်ပစိဖိတ်ကို လည်ပတ်ရောက်ရှိနေကြပြီး ဇွန်လအစောပိုင်းမှာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝန်ဟာ ဆာမိုအာ နဲ့ တွန်ဂါ ကို လည်ပတ်ရောက်ရှိပြီး နောက်တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ရီဟာ အဲ့ဒီနိုင်ငံတွေကို ရောက်ရှိလာခဲ့ပါတယ်။ 

ဝင်ဒီရှာမန်ဟာ တွန်ဂါ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတွေအပြင် ဘုရင် တူပိုအူ (၆) နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်ပေါင်း(၅၀) ကြာ နှစ်နိုင်ငံဆက်ဆံရေးတွေနဲ့ အမေရိကန်သံရုံးတည်ဆောက်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ 

ခရီးစဉ်အတွင်း ဆိုလိုမွန်ကျွန်းတွေက ဒုတိယကမ္ဘာစစ် အမှတ်တရ နေရာတွေကို သွားရောက်ဖို့ ရှိနေသလို ဩစတြေးလျ နဲ့ နယူးဇီလန်ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.