Ukrainian service members prepare a M777 Howitzer for fire at a front line in Kharkiv region, as Russia's attack on Ukraine continues, Ukraine July 28, 2022. REUTERS/Vyacheslav Madiyevskyy

ကိဗ်ယက် ၊ သြဂုတ် (၆)

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းဟာ လူနေရပ်ကွက်တွေမှာ တပ်စွဲထားတာကြောင့် အရပ်သားများကို အန္တရာယ်ဖြစ်စေတယ်လို့ ကြာသပတေးနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲခဲ့ပါတယ်။

သမ္မတ ဇယ်လန်းစကီးက (AI) အဖွဲ့ရဲ့ ယူကရိန်းနိုင်ငံသားများအား စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အုပ်စုဖွဲ့ပြီး အကူအညီပေးတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

 လူ့အခွင့်အရေးအဖွဲ့ဟာ “ရန်လိုသူကို ခံရသူသားကောင်အဖြစ်သို့ ပြောင်းလဲဖော်ပြရန် ကြိုးပမ်းနေတာ” လို့ သမ္မတ ဇယ်လန်းစကီးက ချေပခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဝင် တာဝန်ရှိသူတွေဟာ ဧပြီလမှ ဇူလိုင်လအထိ ယူကရိန်းအရှေ့ဘက်နှင့် တောင်ပိုင်းရှိ ရှေ့တန်းနယ်မြေအများအပြားသို့ သွားရောက်စဉ် လူနေထူထပ်သော လူနေရပ်ကွက်အချို့မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ အခြေစိုက်စခန်းနဲ့ လက်နက်စနစ်တွေကို မြင်တွေ့ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“လူနေထူထပ်တဲ့ နေရာတွေမှာ စစ်ဆင်ရေးလုပ်တဲ့အခါ အရပ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ စစ်ဥပဒေတွေကို ချိုးဖောက်တဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပုံစံကို မှတ်တမ်းတင်ထားပါတယ်” လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  အထွေထွေအတွင်းရေးမှူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက အစီရင်ခံစာဟာ ရုရှားရဲ့ လုပ်ရပ်တွေအပေါ်  ဝေဖန်ရန်ပျက်ကွက်ခြင်းသည် လက်နက်ကိုင် မုဒိမ်းကောင်တွေရဲ့ လုပ်ရပ်ကို မစဉ်းစားဘဲ ကျူးလွန်ခံရသူ၏လုပ်ရပ်ကို လေ့လာခြင်းနဲ့တူတယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံခြားရေး ၀န်ကြီး ဒီမီထရို ခူလီဘာက အစီရင်ခံစာအတွက် ဒေါသထွက်နေပြီး မှားယွင်းသော ဖြစ်ရပ်ကို ဖန်တီးနေခြင်းအား ရပ်တန့်ဖို့ Amnesty အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ 

ရှေ့တန်းဒေသများမှ အရပ်သားတွေကို ရွှေ့ပြောင်းဖို့ ဖြစ်နိုင်သမျှ အတိုင်းအတာတိုင်းကို ယူကရိန်း တာဝန်ရှိသူများက အမြဲတမ်းလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

 “အထူးစစ်ရေးစစ်ဆင်ရေး” လို့ ဖော်ပြထားတဲ့ ကျူးကျော်စစ်မှာ အရပ်သားတွအား ပစ်မှတ် မထားဘူးလို့ ရုရှားဘက်က ငြင်းဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.