ရန်ကုန် – ဩဂုတ်(၅)
အာဏာသိမ်းစစ်ကောင်စီက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေ့စံတို့ကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
သူတို့ကို မြန်မာအမျိုးသမီးတွေစောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွက်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေခဲ့တဲ့ အတွက် အရေးယူတာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဒီလို အမှုဖွင့်အရေးယူခံရအောင် စစ်ကောင်စီလက်ပါးစေ ဟန်ငြိမ်းဦးတယ်လီဂရမ် ချန်နယ် ကနေ လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပြီး တခြားသူတွေကိုပါ စော်ကားရေးသားထားတဲ့ အပြုအမှုနဲ့ ခြိမ်းခြောက်ထားတာတွေလည်း တွေ့ရပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ကို စွဲဆိုထားတဲ့ ပုဒ်မဟာ အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်