ရေး ၊ ဩဂုတ် ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်ကနေ ရေးဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်သုံးစီးကို မိုင်တိုင် ၆၃ အနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ရေးမြို့နယ် အောင်သာယာနဲ့ ကနင်ကမော့ကျေးရွာကြားမှာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီရဲ့ Faw ကားနှစ်စီးနဲ့ အိမ်စီးကားနှစ်စီးကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)နဲ့ Ye Joker Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သား ခြောက်ဦးနဲ့အထက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးPDF ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ရဲဘော်တစ်ဦး ညာဘက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.