မော်လမြိုင် – ဩဂုတ်(၅)

နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှုနဲ့ ထောင်တွင်းမှာ တရားမဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် နိုင်င့တကာကို တောင်းဆိုဖို့ ဓာတ်ပုံကမ်ပိန်းတစ်ခုကို GMSR- Global Myanmar Spring Revolution နဲ့ General Strike Coordination Body- GSCB တို့ ပူးပေါင်း ပြုလုပ်နေပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်သူတွေအနေနဲ့ (Justic for political prisoners) ၊ (Stop unjustly extrajudicial killings in prisons) ဆိုတဲ့ စာသားနဲ့အတူ လက်သုံးချောင်ထောင်သင်္ကေတနဲ့ ဓာတ်ပုံရိုက်တာ၊ တိပ်အမည်းကို ပါစပ်မှာကပ်ပြီး အပြာရောင်အင်္ကျီတွေနဲ့ ပါဝင်ကြဖို့ တောင်းဆိုထားပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းက ထောင်ထဲမှာ ကျွန်တော်တို့ရဲဘော်တွေ နိုင်ငံရေးအကျဉ်းသားတွေ ကိုအကြမ်းဖက်သတ်ဖြတ်တယ်။နိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာ နှိပ်စက်ခံနေရတာတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတာတွေအတွက် ပြည်တွင်းပြည်ပ နှစ်ခုလုံးကနေခွဲပြီးတော့ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်တဲ့ နည်းလမ်းတွေထဲကမှ နည်းလမ်းတစ်ခုဖြစ်ပါတယ်” လို့ General Strike Coordination Body- GSCB က Dr Lwan Wai YMN-GSCB က သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် ဒီဓာတ်ပုံ ကမ်ပိန်းနဲ့အတူ တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်အပါ အဝင် မြန်မာနိုင်ငံအနှံ့ သပိတ်ပွဲပြုလုပ်တာတွေနဲ့ နိုင်ငံတက အသိုင်းအဝိုင်းက အာဏာသိမ်း စစ်ကောင်စီကို ဖိအားပေးနိုင်ဖို့ နည်းလမ်းတွေပြုလုပ်နေတာရှိတယ်လို့ သူက ပြောပါသေးတယ်။

ဆိုရှယ်မီဒီယာ လှုပ်ရှားမှုမှာ ပါဝင်သူတွေအနေနဲ့ ကိုယ်ပိုင် ‌Facebook, Twitter အကောင့်တွေမှာ တင်တာအပြင်GMSR- Global Myanmar Spring Revolution နဲ့ General Strike Coordination Body- GSCBတို့ရဲ့Facebook Pageတွေကိုလည်း ဆန္ဒပြဓာတ်ပုံတွေပေးပို့လို့ ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.