မော်လမြိုင် – ဩဂုတ်(၅)

အမျိုးသားညီညွတ်ရေးအစိုးရဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ကာကွယ်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။

ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၂၃/၂၀၂၂) ကို ဩဂုတ်လ(၄) ရက်မနက်(၁၀) နာရီမှာပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“နယ်မြေကာကွယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်။ ကြားကာလအုပ်ချုပ်ရေးက အခုချိန်မှာ များစွာ အရေးပါနေပြီဖြစ်လို့ ပါဝင်တဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်ပေး ကြပါ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင်အစိုးရအဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ အချိန်နဲ့ တပြေး ညီ တန်ပြန်ဆောင်ရွက်ကြရမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေပုံမှန်ကျင်းပနေတာဟာ စစ်ကောင်စီ ကို တန်ပြန်ဆောင်ရွက်မှုတွေအတွက် အထောက်အကူပြုစေမှာဖြစ်တယ်လို့ ပြောပါသေးတယ်။

လက်ရှိအချိန်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အရေးပါနေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆွေးနွေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီနောက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ရဲ့(၂၂/၂၀၂၂) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အခြေအနေ နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.