ရေဖြူ ၊ ဩဂုတ်(၄)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦးကို သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁) ရက်နေ့မှာ စစ်ကောင်စီတပ်က ပုဂေါဇွန်းကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ကျေးရွာသားတွေ ဖြစ်တဲ့ ဦးစောရှီ၊ ဦးမောင်ကြည်၊ ဦးအေးဘ၊ ကိုဇော်သားနဲ့ကိုထိန်ဝင်းတို့ကို ဖမ်းဆီးသွားခဲ့တာပါ။စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၅ ဦးထဲက ဦးစောရှီ၊ ကိုဇော်သားနဲ့ကိုထိန်ဝင်းတိုရဲ့ အလောင်းတွေကို သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ ကျေးရွာအရှေ့မြောက်တောင်ဘက်က ရော်ဘာခြံထဲ ပြန်လည် တွေ့ရှိခဲ့တာပါ။သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တဲ့ ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးသတ်ဖြတ်ပြီး နောက် အလောင်းကို မြေမြှုပ်ထားပြီး အလောင်းမြေပုံအပေါ်မှာ မီးရှို့ပြီး ခြေရာလက်ရာ ဖျောက်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၂ ဦးထဲမှာ ဦးမောင်ကြည်ကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးထားပြီး ဦးအေးဘကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ဦးမောင်ကြည်ကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးထားတဲ့အတွက်ကြောင့် မိသားစုဝင်တွေက အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတဘ်။ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.