ဒီးမော့ဆို ၊ ဩဂုတ်(၄)

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၈ ဦး သေဆုံးခဲ့သလို စစ်ကောင်စီထံက လက်နက် ၂၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။လတ်တလောမှာ စစ်ကောင်စီတပ်ဟာ ဖယ်ခုံ၊မိုးဗြဲကနေတစ်ဆင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်ကို စစ်အင်အားဖြည့်တင်းလာတာကြောင့် နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတယ်လို့ KNDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲအတွင်း ဒေသခံ ၂ သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.