ပွင့်ဖြူ ၊ ဩဂုတ်(၃)

မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး ပြည်သူ့စစ်ဖွဲ့ဖို့ ကျေးရွာ အုပ်စု အကြီးအငယ်အလိုက် တစ်အုပ်စုကို လူငယ်(၃၀) တောင်းခံနေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြို့နယ်၊ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးပြုလုပ်ပြီး ဩဂုတ်လ(၁) ရက်နေ့မှာ စတင်လူစာရင်းတောင်းနေတာပါ။ စစ်ကောင်စီတပ်ဟာ အင်အား ပြုန်းတီးမှုတွေကြောင့် ပြည်သူ့စစ်ဖွဲ့ဖို့ ၂၀၂၂ ခုနှစ် အစောပိုင်း တည်းက စီစဉ်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ အကောင်အထည်မဖော်နိုင်သေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စကို စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင်နေတာ ဖြစ်ပြီး အတင်းအကြပ် ပါဝင်ဖို့ လုပ်ဆောင်နေတာတွေရှိနေတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ လူငယ်တွေစိတ်မပါတဲ့အတွက် လာတောင်းချိန်မပေးနိုင်လို့ ဖမ်းမယ်ဆိုရင်လည်း ပေးဖို့မရှိဘူးလို့ သံလွင်တိုင်းမ် ကို ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ လူငယ်တွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဖွဲ့ ဖို့ လုပ်ဆောင်နေတဲ့ ကိစ္စကြောင့် နေအိမ်တွေကနေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေလုံခြုံရေးတင်ကြပ်ထားပြီး တစ်ရွာဝင်တစ်ရွာ ထွက် လိုက်လံစစ်ဆေးဖမ်းဆီးတာတွေလုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.