တိုင်ပေ – ဩဂုတ်(၃)

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝန်ပါလီမန်မှာ ဒီနေ့ မိန့်ခွန်းပြောဆိုခဲ့ပြီး ကျွန်းကိုလာရောက်လည်ပိတ်ချိန် ထိုင်ဝမ်သမ္မတအပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အမေရိကန် ထိပ်တန်း ခရီးစဉ်ကို (၂၅) နှစ်အတွင်း ထိုင်ဝမ်ရေလက်လက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်ခြောက်မှုအဖြစ် တရုတ်က ရှုတ်ချထားပြီး စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့် လုပ်ဆောင်တာ၊ ဘေဂျင်းမြို့က အမေရိကန် သံအမတ်ကို ဆင့်ခေါ်တာနဲ့ ထိုင်ဝမ်လယ်ယာ ထွက်ကုန်တွေကို ဆိုင်းငံ့တယ်ဆိုတဲ့ ကြေညာချက်တွေ လုပ်ဆောင်ခဲ့တာပါ။ ပေလိုစီဟာ ထိုင်ဝမ်ကို မကြေညာပဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တာဖြစ်တယ်လို့ ဘေဂျင်းက အခိုင်အမာ ပြောဆိုထားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရကျွန်းအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို မယိမ်းယိုင်ဘူးဆိုတာ ဒီခရီးစဉ်မှာ ပြသထားပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို သူမရဲ့ ခေါင်းဆောင်မှုတွေအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပြီး ထိုင်ဝမ်ကို ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး လူ့အဖွဲ့အစည်းအဖြစ် ချီးကျူးဂုဏ်ပြုကာ ပါလီမန် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်ဆို ပေလိုစီက တောင်းဆိုခဲ့ပါတယ်။ “အမေရိကန်-ထိုင်ဝမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းများ ပေးဆောင်မည်” လို့ သူမက ပြောခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဌ ဟောင်းဖြစ်သူ နယူးတ်ဂင်းဂရစ်လည်း ၁၉၉၇ ခုနှစ်က ထိုင်ဝမ်ကို လာရောက်လည်ပတ်ခဲ့ဖူးပြီး ပေလိုစီရဲ့ ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်း လာပြီး တရုတ်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်လေပုံတစ်ပုံထက် စစ်ရေး၊စီးပွားရေး နဲ့ ပထဝီဝင်နိုင်ငံရေးအင်အား ပိုကောင်းလာတာပါ။ တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ပြီး သူတို့ထိန်းချုပ်မှု အောက်ထားဖို့ ဘယ်လိုအင်အားမျိုးကိုမဆိုသုံးမှာလို့ ပြောဆိုထားပြီး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူဖို့ အကြောင်းပြချက်အနေနဲ့ လုပ်ဆောင်နေတဲ့ တရုတ်ကို အမေရိကန်က သတိပေးထားပါတယ်။ ထိုင်ဝမ်ရဲ့စစ်ထရစ်အသီးအနှံတွေ၊သဘာဝသဲတင်ပို့မှု၊အအေးခံထားတဲ့ ငါးတွေ တင်သွင်းမှုကို ဆိုင်းငံ့ထားတယ်လို့ တရုတ်အကောက်အခွန်ဌာနက ဒီနေ့ မနက်အစောပိုင်းမှာ ကြေညာထားပါတယ်။တရုတ်ကို နှစ်ရှည်ကြာ ဝေဖန်ခဲ့တဲ့ ပေလိုစီဟာ တရုတ်နိုင်ငံရဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးတဲ့ တက်ကြွလှုပ်ရှားသူဟောင်း ဟောင်ကောင်စာအုပ်ရောင်းသူ၊မကြာသေးခင်က တရုတ်နိုင်ငံက လွတ်မြောက်လာတဲ့ ထိုင်ဝမ်တက်ကြွလှုပ်ရှားသူတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ပါတယ်။ “တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်အပေါ် ပြင်းထန်စွာ သက် ရောက်မှုရှိပြီး တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ပြင်းထန်စွာ ထိပါး စေသည်” လို့ ပေလိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆို ထားပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ တရုတ်လေယာဉ်(၂၁) စင်းဟာ လေကြောင်းကာကွယ် ရေးဇုန်အတွင်းကို ဝင်ရောက်ကာ ကျွန်းပတ်လည်က အဓိက ဆိပ်ကမ်းတွေနဲ့ မြို့တွေကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက ပေလိုစီ ရောက်ရှိလာပြီး နောက် တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကမောက်ကမပြောဆိုမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုဟာ ခြိမ်းခြောက်ခံရမှာမဟုတ်သလို သူမရဲ့ ခရီးစဉ်ဟာ အကြပ်အတည်း ဒါမှမဟုတ် ပဋိပက္ခကို ဖြစ်ပေါ်စေမယ့် အကြောင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်-တရုတ်ဆက်ဆံရေးအပေါ်သက်ရောက်မှုဟာ လာမယ့် ရက်သတ္တပတ် တွေအတွင်း တရုတ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မူတည်မှာဖြစ်တယ်လို့ သူက ပြောဆိုထား ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.