ဘန်ကောက် – ဩဂုတ်(၃) 

ထိုင်းနိုင်ငံရာမ(၂) လမ်းမကြီးတစ်နေရာက “ဂ” ကွေ့ တံတား တစ်စင်း ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့က ပြိုကျခဲ့တဲ့အတွက် ဘန်ကောက်မြို့ကို ဦးတည်သွားလာနေတဲ့ ယာဉ်အများအပြား ပျက်ဆီးခဲ့ပါတယ်။ 

အခင်းဖြစ်ပွားရောနေရာကို သက်ဆိုင်ရာ ရဲအရာရှိတွေ သွားရောက်ခဲ့ချိန်မှာ လူတစ်ဦး သေဆုံးခဲ့ ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တာပါ။ 

ဒါ့အပြင် အိမ်စီးမော်တော်ကား တစ်စင်းပေါ်ကို အလေးချိန်(၅) တန် အလျား (၁၀) မီတာကျော်တဲ့ ဘိလပ်မြေတစ်ချပ်ပြုတ်ကျခဲ့တဲ့အတွက် အဲ့ဒီ ကားဟာ ထက်ပိုင်းကွဲခဲ့ပြီး ကျမွပျက်စီးကာ လိုက်ပါလာတဲ့ ခရီးသည်ဟာလည်း ပိတ်မိသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“ဂ” ကွေ့တံတားပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား(၂) ဦးဟာလည်း ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးသွားတဲ့ ကားထဲတွေထဲမှာ ဆီအပြည့် သိုလှောင်ထားတဲ့ ဆီဘောက်စာ ကားတစ်စီး လည်း ပါဝင်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် ရာမ(2) လမ်းမကြီးတစ်လျှောက်မှာ ယာဉ်ကြောပိတ်ဆို့မှု တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြိုကျပျက်စီးသွားတဲ့ “ဂ”ကွေ့ တံတားကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ကစပြီး လမ်းအသုံးပြုမှုကို ဆိုင်းငံ့ကာ ပြုပြင်ထိန်းသိမ်းမှုတွေကို ဆောင်ရွက် နေခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်နဲ့အတူ ရာမ(2) လမ်းပိုင်းကို ပြုပြင်နိုင်ဖို့အတွက် လမ်းမကြီး ဖြတ်သတ်ဖောက်လုပ် ထားတဲ့ Bang Krachao ဘန်ကရာ ချာအိုခရိုင်၊ Muang မင်အန်ခရိုင်၊ Samut Sakhon စမွတ်ဆာခေါင်ခရိုင်တွေတလျှောက်သွားလာခွင့်ပိတ်ပင်ထားပါတယ်။ 

ရာမ(2) လမ်းမကြီးကို ပြည်သူတွေ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ဖို့အတွက် ၂၀၂၂ ခုနှစ် ဩဂုတ်လ(၂၁) ရက်နေ့ နောက်ဆုံးထားပြီး လမ်းပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေတယ် လို့ သိရပါတယ်။ 

အောင်မျိုးမြတ်

Ref – Jai Than Hundred, Volunteer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.