ဒီမိုကရေစီလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တဲ့စစ်တပ်ကို လုံခြုံရေးကောင်စီရှုတ်ချ
ရန်ကုန် – ဇူလိုင်(၂၈) မတရားဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင်လ(၂၇) ရက်နေ့က ပြစ်တင်ရှုတ်ခခဲ့ပါတယ်။ စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လဲတောင်းဆိုခဲ့တာပါ။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅) ဦးလုံးကအတည်ပြုထားတဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံ ရဲ့ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအမျိုးသားပြန်လည်သင့်မြတ်ရေးကိုတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့၊လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ပြည်သူတွ အကူအညီအပြည့်အဝရရှိစေဖို့…