July 2022

နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ရှစ်သိန်းခွဲကျော်ထိ တိုးလာ

ရန်ကုန် ၊ ဇူလိုင် (၂၉) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရှစ်သိန်းခွဲကျော်ထိ တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။UNOCHA အဆိုအရ စစ်တပ်…

ကော့ကရိတ်မြို့နယ်မှာ နှစ်ဖက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာ

ကော့ကရိတ် ၊ ဇူလိုင်(၂၉) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ဇူလိုင် ၂၈ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းက မောင်းမသာယာကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား…

“ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ”

ဆားလင်းကြီး – ဇူလိုင်(၂၈) ဆားလင်းကြီးမြို့နယ်အခြေစိုက် (SPDF) ရဲဘော်လန်ဒန် ကို စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန် ဟာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တဲ့ အတွက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း တို့ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်ကျရှုံးရေး သပိတ်ပြုလုပ်ခဲ့ ကြပါ တယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

လက်နက်တပ်ဆင်ပေးဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

ရန်ကုန် ၊ ဇူလိုင် ၂၈ စစ်အာဏာရှင်စနစ် ကျရှူံး‌ရေးနဲ့ ဒီမိုကရေစီအရေး အသက်ပေးတိုက်ပွဲဝင်နေကြသူတွေအတွက် နည်းပညာ၊လက်နက်ခဲယမ်းနဲ့ ငွေကြေးတွေကို ထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဒီကနေ့ ဇူလိူင် ၂၈ ရက်နေ့ ညနေပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ အရေးပေါ်နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားစဉ် တတိုက်တွန်းတောင်းဆိုလိုက်တာပါ။ယာယီသမ္မတ ဒူဝါလရှီးလက‌တော့…

“တော်လှန်ရေးအတွက်လုပ်နေတာငါတို့ သရဏဂုံမတင်နိုင်ဘူး ဦးဂျင်မီ”

ရန်ကုန် – ဇူလိုင်(၂၈) ဒီနေ့ ဇူလိုင်လ(၂၈) ရက်နေ့ ရန်ကုန်မြို့တစ်နေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု က အာဏာရှင်ရဲ့ မတရားကြိုးမိန့်နဲ့ လုပ်ကြံခံခဲ့ရတဲ့ ဦးဂျင်မီ၊ကိုဇေယျာသော်တို့အပါအဝင် ထောင် တွင်းအကြမ်းဖက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်ကောင်စီကျရှုံးရေး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဓာတ်ပုံ – AJAY

စစ်ကျွန်ပညာရေးအသက်သွင်းနေတဲ့ ဆရာ/ဆရာမတွေကို ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

စလင်း – ဇူလိုင်(၂၈) စစ်ကောင်စီလက်အောက်ခံ ကျောင်းမှာ စာသင်နေတဲ့ ဆရာ/ဆရာမ ရဲ့ ကျောင်းကို သွားရောက် သတိပေးပြီး နမူနာအဖြစ်ဆိုင်ကယ်(၅)စီးသိမ်းယူခဲ့တယ်လို့ စလင်း တောင်ပိုင်းတော်လှန် ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း စလင်းမြို့နယ် ပုသိမ်မုံရွာကားလမ်းအနောက်ခြမ်းက ကင်းပွန်းခြံနဲ့ ကျွဲဦးကျေးရွာ တွေက စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို သွားရောက် သတိ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…

ရေးမြို့မ ရဲစခန်း ပစ်ခတ် တိုက်ခိုက်ခံရရေး

ဇူလိုင် (၂၈)မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးမြို့မရဲစခန်းဟာ ဇူလိုင် ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။မြို့မရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၃ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့…

တော်လှန်ရေးရန်ပုံငွေအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေ

ပခုက္ကူ – ဇူလိုင်(၂၈) မကွေးတိုင်း ပခုက္ကူမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ဝယ်ယူရေးကဏ္ဍမှာ အဓိက အသုံးပြုဖို့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေပြီလို့ ဇူလိုင်လ(၂၇) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေတွေမှာ စပါး၊ခရမ်းချဉ်၊ခရမ်းသီး၊ရုံးပတီသီး၊ ချဉ်ပေါင်ရွက်၊ကန်စွန်းရွက်၊ဘူးသီး၊ဖရုံသီးနဲ့ ငရုပ်သီးစတဲ့ သီနှံတွေကို စိုက်ပျိုးနေတာပါ။ “တော်လှန်ရေးကာလကလည်း ကြာလာတော့ လှူရ တန်းရတဲ့ ပြည်သူတွေကလည်း ပင်ပန်းလာ ပြီဆိုတော့တပ်ရဲ့ ရေရှည်ရပ်တည်ရေးအတွက် စပြီး စဉ်းစားတဲ့…

တိုက်ပေါ်က ခုန်ချခဲ့ကြတဲ့ (၄၄) လမ်းကိစ္စအတွက် အဓိကတာဝန်ရှိတဲ့ သတင်းပေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ရန်ကုန် – ဇူလိုင်(၂၈) ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာဖြစ်ခဲ့တဲ့ လူငယ်တွေတိုက်ပေါ်ကခုန်ချပြီး အဆုံးစီရင်ခဲ့ တဲ့ကိစ္စမှာ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီသတင်းပေး ဗိုလ်တထောင်မြို့နယ်(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ Inya Urban Force IUF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၈) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်မှာ ကုန်သည်လမ်းနဲ့ (၄၂) လမ်းထိပ် ဘိုကလေးစျေးရှေ့က လဖက်ရည်ဆိုင်မှာ…