July 2022

စစ်တပ်တာဝန်ရှိသူတွေကိုအရေးယူဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) လွှဲပြောင်းမယ့် ကုလလူ့အခွင့် အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံ

မော်လမြိုင် – ဇူလိုင်(၁၀) စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကိုလွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အျိုးသားညီညွတ်ရေးအစိုးရ ကကြိုဆို ထောက်ခံတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အကြိမ်(၅၀) မြောက်အစည်းအဝေးမှာ မြန်မာနိုင်င့အတွင်းက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against Humanity) တွေနဲ့ စစ်ရာဇဝတ်မှုတွေ(War…

“ဖိလေကြွလေ ရန်ကုန်မြေ”

ရန်ကုန် – ဇူလိုင်(၁၀) ဒီနေ့ဇူလိုင်လ(၁၀) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက တော်လှန်လူငယ်တွေစုပေါင်းပြီး ဖိလေကြွလေရန်ကုန်မြေဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

ခန္ဒီးခရိုင်ထဲကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ (၁၀) ရက်အတွင်းနှုတ်ထွက်ဖို့ ကာကွယ်ရေးအဖွဲ့ သတိပေး

ခန္ဒီး – ဇူလိုင် (၁၀) စစ်ကိုင်းတိုင်း ခန္ဒီးခရိုင်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ (၁၀) ရက်အတွင်း နှုတ်ထွက် ကြဖို့ သတိပေးထားပြီး လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားကို ဖယ်ရှား နေပြီ လို့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာ တာဝန်ထမးဆောင်နေကြတဲ့ အဆင့်ဆင့်သော အုပ်ချုပ် ရေးတာဝန်ယူနေသူတွေအနေနဲ့ ဇွန်လ(၉) ရက်နေ့ကစပြီး အချိန်(၁၀) ရက်အတွင်း မိမိတို့ရဲ့ ရာထူးတာဝန်နဲ့ တာဝန်ကျရာ…

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ လက်မခံဘူးလို့ NLD ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင်(၉) အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့တာကြောင့် ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေတဲ့အချိန်မှာ…

အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား ၂ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

မော်လမြိုင် ၊ ဇူလိုင်(၁၀) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား ၂၂၀၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းဟာ သူတို့ မိသားစုဝင်တွေအတွက် အဓိက ဝင်ငွေရှာဖွေနေရတဲ့ တစ်ခုတည်းသော အလုပ်အကိုင် အရင်းအမြစ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ…

မွန်ပြည်နယ်မှာ ရော်ဘာကုန်ကြမ်း နည်းပါးလာလို့ အရောင်းအဝယ် ရပ်နားထား

မော်လမြိုင် ၊ ဇူလိုင် (၁၀) မွန်ပြည်နယ်မှာ ရော်ဘာခြံတွေ ရပ်နားထားတာကြောင့် ရော်ဘာ ကုန်ကြမ်း မရှိသလောက် နည်းပါးလာတဲ့အတွက် ရော်ဘာ အရောင်းအဝယ် ရပ်နားထားတယ်လို့ ရော်ဘာ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းက ရော်ဘာခြံတွေဟာ နှစ်စဉ် စက်တင်ဘာလကနေ မေလထိ အစေးခြစ်ကြတာ ဖြစ်ပေမယ့် မိုးတွင်းကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အစေးမခြစ်မဘဲ…

KNU တပ်မဟာ(၆) မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြိုးပမ်းလာ

ကော့ကရိတ် ၊ ဇူလိုင် (၁၀) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြိုးပမ်းလာတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ် တပ်ရင်းတွေ ဖြစ်တဲ့ ခမရ(၂၀၇) ခလရ (၈)…

ညောင်လေးပင်ခရိုင်မှာ စစ်ရှောင်တွေထံ စားနှပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီပေးဖို့ အခက်ကြုံနေရ

ညောင်လေးပင် ၊ ဇူလိုင် (၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထဲမှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားပြီး ကန့်သတ်မှုတွေ လုပ်ဆောင်လာတာကြောင့် စစ်ရှောင်တွေထံ စားနှပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီပေးဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ (၂၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်က…

မွန်ပြည်နယ်မှာ စစ်ကောင်စီ လေဆိပ်စီမံကိန်းအတွက် မြေယာသိမ်းယူမှုတွေ ရှိလာ

မော်လမြိုင် ၊ ဇူလိုင် (၁၀) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက်ဆိုပြီး မြေယာသိမ်းယူမှုတွေ ရှိလာတယ်လို့ ဒေသအတွင်း အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ စစ်အုပ်စုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ဖို့အတွက် မုဒုံမြို့နယ်၊ ညောင်ကုန်းရွာရှိ နေအိမ် ၁၈ လုံးကို ဖယ်ရှားပြီး မြေယာသိမ်းယူခဲ့သလို အဲဒီမြေယာသိမ်းယူမှုဟာ ဧရာမ…

ရုရှားထံမှ စွမ်းအင်မှီခိုနေရမှုကို လျှော့ချဖို့အတွက် ဂျပန်က အစီအစဉ်သစ်တစ်ရပ် အကောင်အထည်ဖော်ဖို့စဉ်းစား

တိုကျို ၊ ဇူလိုင် ၁၂ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှု ပြတ်တောက်မှာကို စိုးရိမ်မှုကြီးထွားလာနေတဲ့ ဂျပန်နိင်ငံအတွက် ဒီဆောင်းရာသီအတွင်းမှာ စွမ်းအင်အကျပ်အတည်းကို ရပ်တန့်ဖို့ အစီအစဉ်သစ် တစ်ရပ်ကို စဉ်းစားနေတယ်လို့ ဂျပန် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်အစိုးရက လျှပ်စစ်သုံးစွဲသူတွေအတွက် စွမ်းအင်ထိန်းသိမ်းနိုင်စေမယ့် စနစ်တစ်ရပ်ကို မိတ်ဆက်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာဓာတ်ငွေ့သုံးစွဲမှု လျှော့ချရာမှာ…