KNU တပ်မဟာ(၆) မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံး
ဒူးပလာယာ ၊ ဇူလိုင် (၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်ထဲက မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးတောင်ဘက် ဒေါနတောင်တန်းရဲ့…