July 2022

တရုတ်နိုင်ငံရဲ့ ဒေတာလုံခြုံရေးဥပဒေကိုချိုးဖောက်တယ်လို့ ဆိုပြီး Didi Global ကုမ္ပဏီကို အမေရိကန်ဒေါ်လာတစ်ဘီလျံကျော်ဒဏ်ငွေချမှတ်ခံရ

ရှန်ဟိုင်း – ဇူလိုင်(၂၂) တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစည်းမျဉ်းတင်းကြပ်ရေးအဖွဲ့ဟာ ဒေတာလုံခြုံရေးဆိုင်ရာ ဥပဒေတွေအပါအဝင် ဥပဒေချိုးဖောက်ခဲ့တယ်လို့ တစ်နှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် Didi Global ကုမ္ပဏီကို ယွမ် (၈.၀၂၆) ဘီလျံ(အမေရိကန်ဒေါ်လာ ၁.၁၉) ဘီလျံ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ Didi Global ဟာ ၂၀၁၅ ခုနှစ်ဇွန်လကစတင်ပြီး (၇) နှစ်တာကာလအတွင်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမဝင်စုဆောင်းခဲ့ပြီး…

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့ တောင်းဆိုချက်ကို အင်ဒိုနီးရှားတရားရုံး ပယ်ချ

ဂျာကာတာ ၊ ဇူလိုင် (၂၁) ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် တရားဝင်ခွင့်ပြုမည့် မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို တရားသူကြီး ကိုးဦးရဲ့ ခုံရုံးက ဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံပေးထားသော ဦးနှောက်ချို့ယွင်းတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်သုံးဦးဟာ နိုင်ငံရဲ့တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ၂၀၂၀ ခုနှစ်မှာ…

ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် ဩစတြေးလျမှာ Work from Home ပြန်လည် ပြုလုပ်

ကန်ဘာရာ – ဇူလိုင်(၂၁) ကိုဗစ်ကြောင့် ဆေးရုံတက်ရသူဦးရေစံချိန်တင်အဆင့်ကို နီးကပ်လာတဲ့အတွက် ဩစတြေးလျ နိုင်ငံသားတွေကို နေအိမ်တွေကပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားပြီး အိမ်မှာ နေထိုင်ချိန်တွေမှာလဲ Mask တပ်ဆင်ထားကြဖို့ အသိပေးထားပါတယ်။ BA.4 နဲ့ BA.5 Omicron အမျိုးအသားခွဲတွေက စတင်လာတဲ့ ကိုဗစ်ဟာတတိယလှိုင်းကြားမှာ ရှိနေပြီး ဒီလအစောပိုင်းမှာ ကူးစက်မှုတွေမြင့်တက်လာကာ ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ နေ့စဉ် ဖြစ်ပွားမှု (၅၀၂၄၈)…

မြန်မာစစ်တပ်က မြေမြှုပ်မိုင်းအသုံးပြုတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ (AI) အဖွဲ့ ပြောဆို

နေပြည်တော် – ဇူလိုင်(၂၁) အာဏာသိမ်းဆန့်ကျင်ရေး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ကြီးမားတဲ့ မြေမြှုပ်မိုင်းတွေထောင်ထားတာဟာ မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို အခုအချိန်မှာ စစ်အစိုးရကို တန်ပြန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒါဇင်နဲ့ချီဖွဲ့စည်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်အနှံ့တိုက်ပွဲတွေနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ…

ပုလောမှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား တစ်ဦး သေဆုံး

ပုလော ၊ ဇူလိုင်(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် အရပ်သား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပုလောမြို့နယ် စစ်ကောင်စီ အမှတ်(၂၈၅)တပ်ရင်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပိန္နဲတောင်ကျေးရွာထဲကို…

နိုင်ငံတဝန်းမှာ ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂၀၀ ကျော်ထိ ရှိလာ

မော်လမြိုင် ၊ ဇူလိုင်(၂၀) မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂၀၀ ကျော်ထိ ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုး ကူးစက်ခံရသူအများစုဟာ ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို လေကြောင်းလိုင်းနဲ့ နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လည်…

ထားဝယ်မှာ အခုရက်ပိုင်းအတွင်း အမျိုးသမီး ၈ ဦး ဖမ်းဆီးခံရ

ထားဝယ် ၊ ဇူလိုင် (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်က CDM ကျောင်းသူ မသူဇာဝင်းထက်၊…