July 2022

အမေရိကန်လုပ်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံပို့ဖို့ ဆွေးနွေးနေ

ဝါရှင်တန် – ဇူလိုင်(၂၄) ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် တိုက်လေယာဉ်တွေစေလွှတ်နိုင်ဖို့ ရှိ၊မရှိနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းရှာဖွေနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂၂) ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒင် အစိုးရက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးအပ်နိုင်ဖို့ ပဏာမ စူးစမ်းလေ့လာမှု တွေပြုလုပ်နေချိန်မှာ ဒီကိစ္စဟာ ချက်ချင်းလုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်က သတင်းထောက်တွေကို ရှင်းလင်းပွဲတစ်ခုမှာ…

ထိုင်းနိုင်ငံဖူးခက်မြို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်ခံရထားတဲ့သူပျောက်ဆုံးနေ

ဖူးခက် – ဇူလိုင်(၂၄) ထိုင်နိုင်ငံမှာ ပထမဦးဆုံးမျောက်ကျောက်ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ အသက်(၂၇) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ကာ အဲ့ဒီလူနာဟာ အခုချိန်မှာပျောက်ဆုံး နေတယ်လို့ ဖူးခက်ပြည်သူ့ကျန်းမာရေးရုံးက ပြောပါတယ်။ မျောက်ကျောက်ရောဂါလက္ခဏာနဲ့အတူ လူနာတစ်ဦး ပုဂ္ဂလိကဆေးရုံကို ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ အပတ်စနေနဲ့တနင်္ဂနွေနေ့မှာ ဖူးခက်မြို့ရဲ့ အကျော်ကြားဆုံးအပန်းဖြေစခန်းမှာ အဲ့ဒီ ရောဂါကူးစက်မှုဖြစ်စဉ်ကို စမ်းသပ်တွေ့ရှိခဲ့တာပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူနာဆီက သွေးနမူနာကို ဆေးရုံက…

ယူကရိန်းနဲ့ ရုရှားတို့ ခဲယဉ်းတဲ့စပါးသဘောတူစာချုပ်ကို တူရကီမှာ လက်မှတ်ရေးထိုးခဲ့

အစ္စတန်ဘူလ် ၊ ဇူလိုင် (၂၃) ယူကရိန်းနဲ့ ရုရှားတို့ဟာ ပင်လယ်နက်စပါးတင်ပို့မှု ပိတ်ဆို့လို့ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းကို လျှော့ပါးသက်သာစေဖို့ ရည်ရွယ်ပြီး ခက်ခဲတဲ့ သဘောတူညီချက်တစ်ရပ်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း စစ်မက် ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား ပထမဆုံးသော သဘောတူညီချက်ဟာ ကမ္ဘာ့စားနပ် ရိက္ခာစျေးနုုန် းတွေမြင့်တက်လာတာနဲ့အတူ…

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ငလျင်လှုပ်ခတ်ခဲ့

ရန်ကုန် – ဇူလိုင်(၂၃) မြန်မာနိုင်ငံကို ဗဟိုပြုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွမှာ ပြင်းအား(၅)ထပ်မကျော်တဲ့ လှုပ်ခတ်မှု(၃) ကြိမ်ပါဝင်တဲ့ ငလျင်လှုပ်ခတ်မှုအကြိမ် (၇၀) ကို မြောက်ပိုင်းနဲ့ အထက်ပိုင်း ပြည်နယ်တွေမှာ တစ်ညတည်းလှုပ်ခတ်ခဲ့ပါတယ်။ ချင်းရိုင်းခရိုင် မယ်ဆိုင်ခရိုင် အရှေ့မြောက်ဘက်ကီလိုမီတာ(၈၀) အကွာက မြေမျက်နှာပြင် အောက် လေးကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး (၅.၁) နဲ့ ဇူလိုင်လ(၂၁) ရက်နေ့ က…

အင်ဒိုသမ္မတရဲ့ ဘေဂျင်းခရီးစဉ်မှာ သမ္မတရှီနဲ့ တွေ့ဆုံမယ်

ဂျာကာတာ – ဇူလိုင်(၂၃) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဟာ လာမယ် ဇူလိုင်လ(၂၆) ရက်နေ့ ဘေဂျင်းမြို့ကို အလည် အပတ်ရောက်ရှိချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလျံရှိခဲ့တာပါ။ “ရင်းနှီးမြှုပ်နှံမှုအတွက်…

လက်နက်ခဲယမ်း ထောက်ပံ့ပေးဖို့ KNDF အမျိုးသမီးတပ်ဖွဲ့ တောင်းဆို

ဒီမော့ဆို ၊ ဇူလိုင်(၂၂) စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ လက်နက်ခဲယမ်းအတွက် ထောက်ပံ့ကူညီပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ အမျိုးသမီးရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က အမျိုးသမီးတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလမှာ တပ်ဖွဲ့ဝင် အင်အား ၆၀ လောက်နဲ့…

တောင်ငူခရိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ KNU ပြော

တောင်ငူ ၊ ဇူလိုင်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်ထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များနေတယ်လို့ KNLA တပ်မဟာ ၂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့စပြီး ကေအဲန်ယူ-တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် တာပူဒေသကို စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်…

ထားဝယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၀ ဦးထက်မနည်း သေဆုံးနိုင်

ထားဝယ် ၊ ဇူလိုင် (၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာအနီးမှာ ကား ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အေဒင်မှူးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက ပကာရီကျေးရွာဘက်ကနေ ထားဝယ်မြို့ဘက်ကို ထွက်လာတဲ့ ကား ၁၉…

သထုံမြို့က ရပ်ကွက်အုပ်ချုပ်ရေးရုံး မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီး

သထုံ ၊ ဇူလိုင် (၂၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မိုင်းခွဲခံရတာကြောင့် အဆောက်အဦး အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူ ၂ ဦးက လာရောက် မိုင်းထောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီအုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်…