July 2022

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရ

ရန်ကုန် – ဇူလိုင်(၂၆) မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး(၁၇) လ ကြာပြီးနောက် မပြီးပြတ်သေးဘဲ အရှေ့တောင်အာရှနိုင်ငံရဲ့ စီးပွားရေးအလားအလာ ရှင်းလင်း ပြတ်သားမှုမရှိမချင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေနဲ့ လူလတ်တန်းစား တွေအတွက် အသုံးပြုထားတဲ့ စီးပွားဖြစ်အိမ်ခြံမြေတွေအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နံမှု ဒေါ်လာ (၁.၃)…

ဖရူဆိုမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့

ဖဖရူဆို ၊ ဇူလိုင်(၂၄) ကရင်နီပြည်နယ်၊ ဖရူဆိုမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၄) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖရူဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖရူဆိုမြို့အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အပါအဝင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက သွားရောက် တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၄) ဦး…

တိုတယ်ဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အလေးမထားပဲ တာဝန်မဲ့ခဲ့တယ်လို့သွေးစွန်း ငွေဖြတ်တောက်ရေးရှုတ်ချ

ရန်ကုန် – ဇူလိုင်(၂၃) ပြင်သစ်ကုမ္ပဏီတိုတယ်အင်နာဂျီဟာ ရတနာ စီမံကိန်းကနေ ဇူလိုင်လ(၂၀) ရက်နေ့က ထွက်ခါခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကိုလျစ်လျူရှုပြီး စီးပွားရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာတွေကို တာဝန်မယူဘဲတာဝန်မဲ့စွာ ထွက်ခွာတာမို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ် ရှားမှုအဖွဲ့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ နှစ်ပေါင်း(၃၀) ကျော်ကြာ မြန်မာ့သယံဇာတအရင်းအမြစ်တွေကနေ အကျိုးအမြတ်တွေရယူခဲ့ပြီး နောက်ဆုံးထွက်ခွာခဲ့ချိန်မှာလည်း စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လျစ်…

စစ်အာဏာသိမ်းမှုဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားများဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် (၂၄) မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေချိန်မှာ အမေရိကန် နိုင်ငံသား တစ်ဦးအား မတရား ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ သောကြာ (ဇူလိုင် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံက အမေရိကန် နိုင်ငံသားတစ်ဦးကို မတရား…