July 2022

မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မော်လမြိုင် – ဇူလိုင်(၂၇) မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်ကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၇) ရက်နေ့ ညနေ(၆) နာရီကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး Federal Freedom UG တပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ “ညနေပိုင်းလောက်ကတော့ အဲ့ဒီနားမှာ ရဲတွေနဲ့…

တစ်နိုင်ငံလုံးက NLD ပါတီဝင် (၂၇) ဦးကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေသတ်ဖြတ်ခဲ့

ရန်ကုန် – ဇူလိုင်(၂၇) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် (၂၆) ဦးကို စစ်ကြောရေးငရဲခန်းနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဖြစ်တဲ့ စွန်ရဲ၊ ပျူစောထီအဖွဲ့တွေက သတ်ဖြတ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်း ဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်တာတွေရှိနေတာပါ။ “သတ်ဖြတ်ခံရတဲ့အထဲမှာ ပါတီဝင်(၁၁) ဦးပါပြီးတော့…

ရန်ကုန်မှာစရိုက်ဆန်ဆန်သောင်းကျန်းခဲ့တဲ့ လူတစုကို စစ်ကောင်စီကတုံ့ပြန်အရေးမယူတဲ့အပေါ် ပြည်သူတွေ မေးခွန်းထုတ်

ရန်ကုန် – ဇူလိုင်(၂၇) စစ်ကောင်စီရဲ့ မတရားသေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစု နေအိမ်တွေမှာ လူရမ်းကားတစ်စုက လာရောက်သောင်းကျန်းခဲ့ပေမယ့် စစ်ကောင်စီက အရေး မယူခဲ့တာနဲ့ပတ်သက်ပြီး ရန်ကုန်လူထုက ဝေဖန်ခဲ့ကြပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဆဲဆိုရမ်းကားခဲ့တဲ့အပြင် လူတစ်ဦးက ဆဲဆိုနေတဲ့ လူအုပ်စုကို ငွေရှင်းပေးနေတဲ့ ရုပ်သံဖိုင်ထွက်ရှိထားပါတယ်။ “ဒါဟာတိုင်းပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုင်ရင် ရန်ကုန်မြို့ ပေါ်မှာ သပိတ်…

သေဒဏ်စီရင်မှုကြောင့် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာစေမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ ပြော

မော်လမြိုင် ဇူလိုင် ၂၇ အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံရေးအမြင်မတူသူတွေကို သတ်ဖြတ်တာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ ဒေါသစိတ်နဲ့ ပြည်တွင်းစစ် ပိုမို ပြင်းထန်လာစေမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။စစ်ကောင်စီအနေနဲ့ သေဒဏ်စီရင်မှု နောက်ဆက်တွဲ ပြဿနာ အားလုံးကို တာဝန်ယူရမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA နဲ့…

NUG လမ်းညွှန်မှုနဲ့ မြိုင်မြို့နယ်မှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

မြိုင် – ဇူလိုင်(၂၇) မကွေးတိုင်း မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကြားကာလပညာရေးကျောင်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က မြိုင်မြို့နယ်မှာ ကျောင်းပေါင်း (၁၅၀) ဖွင့်လှစ်ထားပြီး ကျောင်းသူ/ကျောင်းသား(၃) သောင်းဝန်ကျင်ကို ပညာသင်ကြားပေးနေတာပါ။ ကြားကာလပညာရေးကျောင်းဆင်းပွဲမှာ ကျောင်းသူ/ကျောင်းသား (၁၅၉) ဦးပါဝင်ပြီး သူတို့ကို ဆရာ/ဆရာမ…