ရန်ကုန် ၊ ဇူလိုင် (၂၉)

စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူအပါအဝင် သတင်းမီဒီယာတွေအနေနဲ့ တိုက်ခိုက်မှု သတင်းတွေကို ချက်ချင်းမတင်ကြဖို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(UG) တွေက ထပ်မံတောင်းဆို လိုက်ပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးတို့ကို သေဒဏ်စီရင်လိုက်တဲ့အပေါ် တုံ့ပြန်လက်စားချေဖို့အတွက် မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ စီစဉ်ထားတာပါ။ဒါကြောင့် ပြည်သူတွေ အပါအဝင် သတင်းမီဒီယာတွေအနေနဲ့ တိုက်ခိုက်မှုသတင်းတွေ ချက်ချင်း မတင်ကြဖို့နဲ့ သက်ဆိုင်ရာ UG အဖွဲ့တွေက ထုတ်ပြန်ကြေညာမှ သတင်းတင်ပေးကြဖို့ တောင်းဆိုလိုက်တာပါ။“ ပြည်သူတွေကို မှာချင်တာက ဖောက်ခွဲရေးပဲဖြစ်ဖြစ် ၊ ပတ်ခတ်တာပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ထွက်ဖို့ အချိန်လိုတယ်ဗျ။ ဒါကြောင့် သတင်းမီဒီယာတွေရော ၊ ပြည်သူတွေရော သတင်းဖြစ်စဥ်တွေကို အရင်စလို မတင်ကြဘဲ အဖွဲ့အသီးသီးက ထုတ်ပြန်မှသာ တင်ကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(UG) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(UG)တွေကတော့ အခုစစ်ဆင်ရေးကို ဇေယျာ်သော်စစ်ဆင်ရေးလို့ အမည်ပေးထားပြီး တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရဲစခန်းနှစ်ခုကို ဒေါင်းစစ်သည်အဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာတော့ စစ်ကောင်စီဟာ ရန်ကုန်မြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားသလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေအပြင် အရပ်ဝတ်တွေနဲ့ပါ လုံခြုံယူထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.