တိုကျို – ဇူလိုင်(၂၉)

အမေရိကန်၊ဩစတြေးလျတို့နဲ့ အတူ လာမယ့်ဩဂုတ်လ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး အကြိမ်းစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်လာမှာဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက အင်ဒိုနီးရှားသမ္မတနဲ့ ဆွေးနွေးပြီးနောက်မှာ ပြောဆိုခဲ့ပါတယ်။ 

အင်ဒို-ပစိဖိတ်ဒေတွင်း တရုတ်ရဲ့ ဩဇာအခိုင်အမာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေက တန်ပြန်ဖို့ ကြိုးပမ်းမှုတွေအရှိန်မြှင့်လာချိန်မှာ ဂျပန်ရဲ့ ပါဝင် ပတ်သက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းထားဖို့ သံသမန် ရေးရာ အလေးထားမှုကို မကြာသေခင်က ပြသလုပ်ဆောင်ခဲ့ပြီး ကီရှီဒါက ဒီနှစ်အစောပိုင်းမှာ အင်ဒို အပါအဝင်ဒေသတွင်းနိုင်ငံတွေကို သွားရောက်ခဲ့ပါသေးတယ်။ 

အင်ဒိုနီးရှားသမ္မတ က တရုတ်သမ္မတရှီကျင်းဖျင်နဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို မြှင့်တင်ဖို့နဲ့ စိုက်ပျိုးရေးလို နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးချဲ့ သွားမယ်လို့ဆိုတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ပြီး နောက် တစ်ရက်အကြာမှာ ကီရှီဒါနဲ့ ဂျိုကိုဝီတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ 

“အင်ဒိုနီးရှားသည် ကျွန်ုပ်တို့နှင့် မဟာဗျူဟာကျတဲ့ ပန်းတိုင်တွေကို မျှဝေပေးတဲ့ ဗျူဟာမြောက် မိတ်ဖက်ဖြစ်သည်” လို့ ကီရှီဒါက သူတို့ နှစ်ဦးတွေ့ဆုံပွဲနောက်သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။ 

အင်ဒိုနီးရှားနဲ့ အမေရိကန်တို့နှစ်စဉ်ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုမိုကြီးမာလာမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံက ပြောဆိုထားပါတယ်။ 

အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ သဘောဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးအတွက် အင်ဒိုနီးရှားအစိုးရကို ယန်း(၄၃.၆) ဘီလျံ ဂျပန်က ချေးပေးမှာဖြစ်သလို စွမ်းအင်အပါအဝင် နယ်ပယ်များစွာမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် လက်တွေ့ကျတဲ့ ကဏ္ဍတွေကို အလေးပေးပြော ဆိုခဲ့ကြပြီး အသေးစိတ်အချက်အလက်တွေကို မဖော်ပြထားပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ လက်မှတ် ရေးထိုးမယ့် အင်ဒိုနီးရှား-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ရဲ့ အပြောင်းအလဲတွေကို နှစ်နိုင်ငံသဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ 

၂၀၀၇ ခုနှစ်က နိဂုံးချုပ်ခဲ့တဲ့ ဂျပန်စျေးကွက်တွေကို တိုးချဲဝင်ရောက်ဖို့နဲ့ အခွန်ကောက်ခံမှု တွေ ကို လျှော့ချဖို့ ရည်ရွယ်ထားပြီး သဘောတူညီချက်တွေကို ပြန်လည်ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ ကြပါတယ်။ 

“တူနာ၊ ငှက်ပျောသီး၊ နာနတ်သီးနဲ့ သရက်သီးထွက်ကုန်တွေ စျေးကွက်ဝင်ရောက်မှုစတဲ့ တူနာငါးတွေအပေါ် အခွန်လျှော့ပေါ့ပေးဖို့ ဂျပန်ကို တောင်းဆိုပါတယ်” လို့ ဂျိုကိုဝီက ပြောခဲ့ပါတယ်။

ဂျပန်က အင်ဒိုနီးရှားနိုင်ငံကို တင်သွင်းမှုမှာ ၂၀၂၀ ခုနှစ်က ကန်ဒေါ်လာ (၉.၂) ဘီလျံရှိပြီး ဂျပန်ကို တင်ပို့ မှုမှာ ကန်ဒေါ်လာ(၁၄.၅) ဘီလျံရှိတယ်လို့ Refinititv က ပြုစုထားတဲ့ IMF အချက်အလက်တွေ အရ သိရပါတယ်။ 

ဂျပန်မော်တော်ကားထုတ်လုပ်တဲ့ တိုယိုတာမော်တာကော်ပိုရေးရှင်းက လာမယ့် ငါးနှစ်အတွင်း လျှပ်စစ်ကားတွေထုတ်လုပ်ဖို့အတွက် အင်ဒိုနီးရှားမှာ(၂၇.၁) ထရီလီယံ ရူပီယာ ရင်းနီးမြှုပ်နှံ သွားဖို့ ရှိနေသလို မစ်ဆူဘီရှီမော်တာကော်ပိုရေးရှင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်အတွင်း (၁၀) ထရီလီယံ ရူပီယာရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လိုု့ သိပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.