မော်လမြိုင် ဇူလိုင် ၂၇

အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံရေးအမြင်မတူသူတွေကို သတ်ဖြတ်တာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ ဒေါသစိတ်နဲ့ ပြည်တွင်းစစ် ပိုမို ပြင်းထန်လာစေမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။စစ်ကောင်စီအနေနဲ့ သေဒဏ်စီရင်မှု နောက်ဆက်တွဲ ပြဿနာ အားလုံးကို တာဝန်ယူရမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA နဲ့ MNDAA က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.