အစ္စတန်ဘူလ်- ဇူလိုင်(၂၈) 

ယူကရိန်းဆန်တင်ပို့မှု ကြီးကြပ်ကွပ်ကဲရေးဌာနချုပ်ကို အစ္စတန်ဘူလ်မှာ ဇူလိုင်လ(၂၇) ရက်နေ့ မှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားပြီး ပထမဆုံး သင်္ဘောဟာ ပင်လယ်နက်ဆိပ်ကမ်းကို ရက်အနည်း ငယ်အတွင်းထွက်ခွာဖွယ်ရှိတယ်လို့ တူရကီအကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ နိုင်ငံတကာ စားနပ်ရိက္ခာအကြပ်အတည်းကို ဖြေလျှော့ဖို့ စစ်ပွဲကြောင့် ပိတ်ဆို့ခံထားရတဲ့ စပါးနဲ့ ဓာတ်မြေဩဇာ တင်ပို့မှုတွေကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် အန်ကာရာ နဲ့ ကုလသမဂ္ဂတို့ ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ 

တူရကီနိုင်ငံက ပူးတွဲညှိနှိုင်းရေးစင်တာ(JCC) ဟာ ယူကရိန်းဆိပ်ကမ်းသုံးခုက ထွက်ခွာမယ့် သင်္ဘောတွေအနေနဲ့ မိုင်းဖြတ်ကျော်လွှားရမှာဖြစ်ပြီး သင်္ဘောအားလုံးတူရကီရေပိုင်နက်ထဲ့ ဝင်လာရင် လက်နက်စစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ပင်လယ်မိုင်းရှင်းလင်း၇ေးမလိုအပ်တဲ့ သင်္ဘောတွေအတွက် ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်း အပါအဝင် အသေးစိတ်အချက်အလက်အားလုံးကို ပြုစုထားပြီး ဖြစ်တယ်လို့ တူရကီ အရာရှိ တစ်ဦးက ပြောခဲ့ပါတယ်။ 

“ရက်အနည်းငယ်ထက် ပိုကြာမှာ မဟုတ်ဘူး၊ ဒီတစ်ပတ်မှာ ပထမဆုံး ကောက်နှံတွေ တင်လာပုံရပြီး ယူကရိန်းကနေ တင်ပို့မယ့်ပုံပါပဲ” လို့ အမည်မဖော်လိုသူ အရာရှိက ပြောခဲ့ပါတယ်။ 

တူရကီမှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး (၁၂) နာရီအကြာ စနေနေ့ မနက်ပိုင်းမှာ ယူကရိန်းရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ အိုဒီဆာဆိပ်ကမ်းမှာ ရုရှားက ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ပြီးနောက်ပိုင်းမှာ သဘောတူညီချက်တွေကို ထိခိုက်စေခဲ့ပါတယ်။ 

ဒါပေမယ့် ရုရှားနဲ့ ယူကရိန်းနှစ်ဖက်စလုံးဟာ ပဋိပက္ခမှာ ပထမဆုံးသံတမန်ရေးအရအောင်မြင် မှုဖြစ်ပြီး စစ်ပွဲစတင်ပြီး ခြောက်လအကြာမှာ သဘောတူညီချက်ကို ရှေ့ကို တက်နိုင်နိုင်ဖို့ တွန်း အားပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

အစုအဖွဲ့အားလုံးဟာ အစီအစဉ်အကောင်အထည်ဖော်မှုကို စောင့်ကြည့်ဖို့ JCC က ကိုယ်စား လှည်တွေကို ခန့်အပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်စစ်မဆင်နွှဲမှီ နှစ်နိုင်ငံလုံးရဲ့ ဂျုံတင်ပို့မှုဟာ ကမ္ဘာမှာ သုံးပုံတစ်ပုံခန့်ရှိခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.