မော်လမြိုင် – ဇူလိုင်(၂၇)

မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်ကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၇) ရက်နေ့ ညနေ(၆) နာရီကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး Federal Freedom UG တပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ “ညနေပိုင်းလောက်ကတော့ အဲ့ဒီနားမှာ ရဲတွေနဲ့ လူတွေရှုပ်နေတာတွေ့ရတယ်။ အခုညပိုင်းမှာ တော့ဘာမှမတွေ့ရဘူး အခြေအနေကတော့ အေးအေးဆေးဆေးဖြစ်နေပါတယ်” လို့ မော်လမြိုင် မြို့ ဘိုကုန်းရပ်ကွက်နေပြည်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်ကို တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Federal Freedom UG အဖွဲ့ကို သံလွင်တိုင်းမ် ကဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။ လွှတ်တော်ရုံးကို တိုက်ခိုက်ခဲ့တဲ့ Federal Freedom UG အဖွဲ့ကတော့ ရဲ(၂) ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Freedom UG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.