မုဒုံ ၊ ဇူလိုင် (၂၈)

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းသစ်ဘုန်ကြီးကျောင်းအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းက စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို ဖောက်ခွဲခဲ့တယ်လို့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလားတဲ့ ကား ဖောက်ခွဲခံရတာကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင် စစ်ဆင်ရေး ဖြစ်ပြီး စစ်ဆင်ရေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းသို့ လုံခြုံစွာ ပြန်လည် ရောက်ရှိပြီးလို့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဆိုပါတယ်။ကား ဗုံးဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒဏ်ရာရှိခဲ့တဲ့သူတွေကို မုဒုံပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုဒုံမြို့နယ် နေရာအများစုမှာ ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။မုဒုံမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့တုန်းကလည်း စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဦးမင်းအောင်မြင့် မိတ္တူဆိုင် ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.