ဘန်ကောက် – ဇူလိုင်(၂၈) 

ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဧရိယာအတွင်းနေ့စဉ်သွားလာနေတဲ့ ခရီးသွားပြည်သူတွေ အတွက် လျှပ်စစ်ဘတ်စ်ကားအစီးရေတစ်ထာင်နီးပါးကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြေးဆွဲ နိုင်ဖို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချနာရဲ့ ပြောဆိုချက်အရ မြို့တော် ဧရိယာ အတွင်းလျှပ်စစ်ဘတ်စ်ကား တိုးမြှင့်ဖို့ဆိုတဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနရဲ့ အစီစအဉ်ကို အကောင် အထည်ဖော်ဖို့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ထပ်မံအတည်ပြုထားတာပါ။ 

ဘန်ကောက်အများပြည်သူပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင် Bangkok Mass Transit Authority (BMTA) နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ (၂) နှစ်စာချုပ်နဲ့ အတူ ယာဉ်အစီးရေ(၉၀) ပြေးဆွဲဖို့ အစီအစဉ်ပါဝင်ပါတယ်။ 

လျှပ်စစ်ဘတ်စ်ကားတွေဟာ ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ဘန်ကောက် မြို့တော်အတွင်း လျှပ်စစ်ဘတ်စ်ကားအစီးရေ (၂၂၄) စီးပြေးဆွဲဖို့ဆိုတဲ့ (BMTA) အစီအစဉ်အောက်မှာ အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

BMTA ဟာ မြင့်တက်လာတဲ့ ဓာတ်ဆီစျေးနဲ့အတူ မြင့်တက်လာတဲ့ ခရီးသွားအရေအတွက် ကြောင့် လျှပ်စစ်ကားပြေးဆွဲမှုကို တစ်ရက် (၁၇၀၀၀) ကနေ (၁၉၀၀၀) အထိ တိုးမြှင့် မှာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းစုတွေပေးအပ်ထားတဲ့အတိုင်း ဒီနှစ်ကုန်ပိုင်းမှာ ခရီးသည်(၁) သန်းနီးပါးဝင် ရောက်စီးနင်းနိုင်မယ့် လမ်းကြောင်း(၇၇) ခုအတွက် လျှပ်စစ်ဘတ်စ်ကားအသစ် အစီးရေ (၇၅၀) နဲ့ နေ့စဉ်အကြိမ်ရေ(၂၅၀၀၀) အထိပြေးဆွဲနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ 

Ref: NBT News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.