ရေစကြို – ဇူလိုင်(၂၈)

မကွေးတိုင်းရေစကြိုမြို့နယ်က နည်းပညာကောလိပ်မှာ တပ်ဆွဲနေတဲ့ စစ်ကောင်စီတပ်သား တွေကို ဆိုင်ကယ်မိုင်းနဲ့ တိုက်ခိုက်ခဲ့လို (၃) ဦးသေဆုံးခဲ့တယ်လို့ Yesagyo Revolution Group – YRG က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကြိုးမိန့်ပေးခံရတဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့နဲ့ နွေဦးသူတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ကျောက်လှေခါးအနီး GTC ကျောင်းနားမှာ စစ်ဆေးရေးလုပ်နေတဲ့ ဂိိိတ်ကို ဇူလိုင်လ(၂၇) ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ “စကစဘက်က သုံးကောင် သေဆုံးသွားတယ်ဗျ။ ကျန်တဲ့နှစ်ကောင်ကတော့ မျက်စိတွေ ကွယ်သွားတယ်လို့ အတွင်းသတင်းအရ သိရတယ်ဗျ။ ဂိတ်ပတ်လည်ကိုတော့ အင်အားတွေ ထပ်ဖြည့်ပြီး စစ်ဆေးတွေ ပိုတင်းကြပ်တယ်ဗျ။ကင်းပုန်းတွေပါ ချထားတယ်ဗျ ။ဖမ်းဆီးတာ တော့ မရှိဘူးဗျ။” လို့Yesagyo Revolution Group-YRG တာဝန်ရှိသူတစ်ဦးက သံလွင်းတိုင်းမ် ကိုပြောပါတယ်။ကျောင်းထဲမှာစစ်ကောင်စီတပ်က အင်အား(၂၀) ဝန်းကျင်လောက်ရှိနေတဲ့အတွက် ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ ဂိတ်အတွင်း စစ်ကောင်စီတပ်သား(၈) ဦးရှိပြီး အဲ့ဒီထဲက တစ်ဦးက နေရာမှာတင် သေဆုံးသွားခဲ့သလို ဆေးရုံးရောက်ချိန်မှာ နောက်ထပ်နှစ်ဦး သေဆုံးခဲ့ကာ ငါးဦးကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်အနီးကိုက်(၁၀၀) အကွာမှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ ပြီး စစ်ကောင်စီတပ်သားတွေက ဂိတ်ထဲကို ဆိုင်ကယ်တွန်းယူပြီး Toolbox ကို စစ်ဆေးချိန် မိုင်း ပေါက်ကွဲခဲ့တာပါ။ ဆိုင်ကယ်မိုင်းပေါက်ကွဲခဲ့တာကြောင့် စစ်ဆေးရေးဂိတ်နားမှာ ရပ်ထားတဲ့ ခရီးသည်တင်ကားတစ် စီး မိုင်းစထိမှန်ခဲ့တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်တောင်းပန်ထားတယ်လို့ သိရပါတယ်။ Yesagyo Revolution Group-YRG၊Urban Underground Revolution Force -UURF၊ Shwe Nyar Myae – PDF နဲ့ Zarmani Blood Guerilla Army – Myaing အဖွဲ့တို့က မိုင်းဖောက်ခွဲတာကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.