သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ တွေကိုအကြမ်းဖက် PDF က သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး “ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဇူလိုင်လ၂၆ရက်မှာ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်ပေါ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေထားတဲ့ ပိုစ့်မှာတော့ “ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် PDF က သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ရေဦး၊ နှောကုန်းကျေးရွာ ကိုလည်း အကြမ်းဖက် PDF က ညအချိန် မီးတင်ရှို့”ဆိုပြီး ဓာတ်ပုံအချို့နဲ့ အတူ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ဖြန့်ဝေခဲ့တဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်ကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/myananmaung/13517

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်နေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို စိစစ်ကြည့်ရာမှာတော့ မကွေးတိုင်း၊ မြိုင်မြိုနယ် ကျောက်ကန်ရွာနဲ့ မြိုင်မြို့နယ်၊ ဓမ္မသယရွာကို ဇူလိုင်လ၂၃ရက်နဲ့ ၂၄ ရက်တွေမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားအုပ်စုက ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာကို တွေ့ရှိရပါတယ်။အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး မကွေးတိုင်း မြိုင်မြို့နယ်၊ ဓမ္မသယရွာကို ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့သွားတာကြောင့် နေအိမ် ၈၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကို ပြောဆိုချက်ကို အခြေခံကာ RFAသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဓမ္မသယရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာ ရွာထဲကို အခုလိုဝင်ရောက်မီးရှို့တာလို့ ဒေသခံတစ်ဦးက RFA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။မကွေးတိုင်း မြိုင်မြို့နယ်၊ ဓမ္မသယရွာကို မီးရှို့မှုနှင့်ပတ်သက်တဲ့ ပြည်တွင်းသတင်းဌာနတွေ ရဲ့ ဖော်ပြမှုကိုလည်း အောက်ပါလင့်တွေမှာ ကြည့်ရှု နိုင်ပါတယ်။

Madalay Free Press https://www.facebook.com/101398252213669/posts/205955818424578/

RFAhttps://www.facebook.com/39218993127/posts/10161955464663128/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ တွေကိုအကြမ်းဖက် PDF က သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး “ဆိုတဲ့ ဓာတ်ပုံတွေနဲ့တကွ ဖြန့်‌ဝေနေတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ထားတဲ့ စစ်ကောင်စီ ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

1841845 comments12 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.