ရန်ကုန် – ဇူလိုင်(၂၆) 

မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး(၁၇) လ ကြာပြီးနောက် မပြီးပြတ်သေးဘဲ အရှေ့တောင်အာရှနိုင်ငံရဲ့ စီးပွားရေးအလားအလာ ရှင်းလင်း ပြတ်သားမှုမရှိမချင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ 

ဂျပန်ရင်းနှီးမြှုပ်နှံသူတွေလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေနဲ့ လူလတ်တန်းစား တွေအတွက် အသုံးပြုထားတဲ့ စီးပွားဖြစ်အိမ်ခြံမြေတွေအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နံမှု ဒေါ်လာ (၁.၃) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားစီမံကိန်းကြီးသုံးခုထက်မနည်းလည်း ရပ်ဆိုင်းထားခဲ့ရတာပါ။

ဒီပရောဂျက်တွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လည်က ယခင်စစ်သမိုင်းပြတိုက်ဟောင်းမှာ တည်ဆောက်နေတဲ့ (Y Complex) လည်းအပါအဝင်ဖြစ်ပြီး(Y Complex) ကို ရုံးခန်းတွေ၊ စျေးဆိုင်တွေနဲ့ ဇိမ်ခံဟိုတွေတွေပါဝင်ပြီး Daiwa House Indystry ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ Fujita၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း Developer Tokyo Tatemono၊  သယ်ယူပို့ဆောင်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် ပြည်ပအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Join)၊အစိုးရ-ပုဂ္ဂလိကရံပုံငွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းစုဖစ်တဲ့ ဧရာဝတီဟင်္သာတို့နဲ့ ဖက်စပ် လုပ်ငန်းနဲ့ ဆောက်လုပ်နေတာဖြစ်ပါတယ်။ 

ဒီအဆောက်အအုံဟာ နိုင်ငံခြားသားနေထိုင်သူဦးရေများတဲ့ ရန်ကုန်မြို့လယ်က အဆင့်မြင့် လူနေရပ်ကွပ်တစ်ခုမှာ တည်ရှိပြီး (၇၀) ရာခိုင်နှုန်းပြီးစီနေပြီဖြစ်တဲ့ ဒေါ်လာသန်း(၃၃၀) တန် အဆောက်အအုံကို မူလက ဒီနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

(Y Complex) ပရောဂျက်ဟာ နိုင်င့တော်ရဲ့ စစ်တပ်ပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ အတွက် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေထွက်ပေါ်လာတယ်လို့ Justice for Myanmar အဖွဲ့က ပြောဆို ထားပါတယ်။ 

ငှားရမ်းခကို စစ်တပ်က စီမံခန့်ခွဲတယ်လို့ ယူဆရတဲ့ ဘဏ်အကောင့်ထဲကို ပေးဆောင်ပြီး ကတည်းက အဲ့ဒီစီမံကိန်းဟာ မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေတယ်လို့ ပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

“ဒီမြေကို စစ်တပ်မှ ငှားရမ်းထားတဲ့ ကျွန်တော်တို့ မြန်မာမိတ်ဖက်ဆီက တဆင့် ငှားရမ်းထားတာဖြစ်ပါတယ်၊ မြေငှားရမ်းခကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းက ပေးဆောင်ထားခြင်း မရှိသေးပါ” လို့ ဂျပန်ကုမ္ပဏီတွေကနီကီအေးရှားသတင်းဌာနကို အီမေးလ် မှတဆင့်ပြောခဲ့ပါတယ်။ 

စစ်တပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အိမ်ခြံမြေစီမံကိန်းတွေဟာလည်း လက်ရှိအချိန်မှာ ဒုက္ခရောက်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အသုံးစရိတ်ကိုထိန်းချုပ်ထားမှာကို လူလတ်တန်းစား စားသုံးသူတွေက စိုးရိမ်နေတဲ့အတွက် အဆောက်အုံတွေ ငှားရမ်းထားမယ့် နိုင်ငံခြား ကုမ္ပဏီတွေဟာလည်း နိုင်င့အတွက် ရင်းနှီးမြှုပ်နှံမှု ရပ်တန့်သွားခဲ့ပါတယ်။ 

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ ဆောက်လုပ်ရေးပရောဂျက်တွေကို ဆက်လက်လုပ်ဆောင်လိုပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုတွေကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို တင်သွင်းဖို့ အခက်အခဲဖြစ်နေခဲ့တာပါ။ 

JOIN က တစ်စိတ်တပိုင်း ရင်းနှီးမြှုပ်နံမှုနဲ့ Japanese construction powerhouse Kajima က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ရုံးခန်းတွေ၊ ဟိုတယ်တွေနဲ့ စျေးဆိုင်တွေ ဆောက်လုပ်မယ့် စီမံကိန်းမှာ ပါဝင်နေပြီး ဆိုင်ငံထားတာကို ပြန်လည်စတင်ဖို့ ကြာမြင့်မှာဖြစ်တယ်လို့ ဆိုထားပါ တယ်။ 

“ကျွန်မတို့ကိုယ်တိုင် စွန့်စားရတဲ့ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံထားတာကြောင့် အလွယ်တကူ ရုန်းမထွက်နိုင်ပါဘူး” လို့ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီ တစ်ခုက အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုထားပြီး ဘယ်အချိန်မှာ လုပ်ငန်းပြန်လည်စတင်မှာကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် Kajima ဟာ မတ်လထိ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာ ပရောဂျက်နဲ့ စပ်လျဉ်းပြီး ဆုံးရှုံးမှုတန်ဖိုး ယန်း(၁၆) ဘီလျံခန့်ကို ကြိုတင်စာရင်းသွင်းထားပါတယ်။ 

Trading behemoth Mitsubishi နဲ့ သူတို့ရဲ့ အစုအဖွဲ့ဝင် ကုမ္ပဏီ Mitsubishi Estate တို့ဟာ ရန်ကုန်ဗဟိုမီးရထားဘူတာအနီး Yoma Central လို့ခေါ်တဲ့ အဆောက်အဦးလေးခုပါ အိမ်ရာရုံး ခန်းတွေ၊စျေးဆိုင်တွေနဲ့ ဟိုတယ်ကြီးတွေ တည်ဆောက်ဖို့အတွက် ထိပ်တန်းပြည်တွင်း လုပ်ငန်း စုတစ်ခုဖြစ်တဲ့ Yoma Group နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

စစ်အာဏာရှင်တွေအပေါ် နာကျဉ်းမှုတွေဟာ ပြည်သူတွေကြားမှာ နက်နက်ရှိုင်းရှိုင်းဖြစ်နေပြီး ပရောဂျက်ပိုင်ရှင်တွေက စစ်တပ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ အန္တရာယ်ကို ဂရုတစိုက် အကဲဖြတ်နေကာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ 

ပရောဂျက်တွေအားလုံးကို ဆိုင်းငံ့လိုက်တာဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံမှုတွေ အကြီး အကျယ်ဖြစ်စေမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အဆိုအရ နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ အလုပ်သမား (၁.၁) သန်းခန့်ကို အလုပ်ခန့်ထားနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လုပ်သားအင်အား ရဲ့ (၃၀) ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ 

အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်လုပ်သားတွေဟာလည်း နိုင်ငံရပ်ခြားကို ထွက်ခွါသွားကြပြီလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုခဲ့ပြီး ပရောဂျက်ကို ပြန်စဖို့ ဆုံးဖြတ်ချိန်မှာ လိုအပ်တဲ့ ဝန်ထမ်းတွေကို ရှာဖွေဖို့ ခက်ခဲသွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။ 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.