ဖဖရူဆို ၊ ဇူလိုင်(၂၄)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၄) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖရူဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖရူဆိုမြို့အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အပါအဝင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက သွားရောက် တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၄) ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်ကတော့ ထိခိုက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့ဟာ ဖရူဆိုမြို့ပေါ်က မြို့မရဲစခန်း အပါအဝင် စစ်ကောင်စီ ခမရ(၄၂၈) တပ်ရင်းတို့ကို မကြာခဏဆိုသလို သွားရောက် တိုက်ခိုက်နေတာပါ။လတ်တလောမှာတော့ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် နှစ်ဖက် စစ်ရေး တင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ဖရူဆိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.