July 17, 2022

အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

လေးကေကော် ၊ ဇူလိုင်(၁၇) မဟာလူမျိုးကြီးဝါဒ အပါအဝင် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်ဆီးရေးနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အပြင် ပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဇူလိုင်လ(၁၆)ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်ပြည့် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)နေ့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးဟာ…

တနင်္သာရီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြု ထိုးစစ်ဆင်လာ

တနင်္သာရီ ၊ ဇူလိုင်(၁၇) တနင်္သာရီတိုင်းဒေသကြီးထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ကြည်းတပ်တွေအပြင် ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြု ထိုးစစ်ဆင်လာတယ်လို့ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲက ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနဲ့ ပုလောမြို့နယ်တွေကို တပ်အင်အား အလုံးအရင် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။…

Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

ရန်ကုန် ၊ ဇူလိုင် (၁၇) အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က…

ကျိုက်ထိုက မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ကျိုက်ထို ၊ ဇူလိုင် (၁၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဒေါင်းတောင် ကျိုက်ထီးရိုးလေး လမ်းခွဲအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့…

စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုကြောင့် တိုင်းပြည် စီးပွားရေး ပိုမို ဆိုးရွားလာနိုင်

မော်လမြိုင် ၊ ဇူလိုင် (၁၇) အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာငွေ ထိန်းချုပ်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ ပြည်တွင်း နေထိုင်သူတွေအနေနဲ့ ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို အတိုးရော အရင်းပါ ပြန်ဆပ်ဖို့ ဆိုင်းငံ့ ခိုင်းတာတဲ့အပြင် နိုင်ငံခြားသား…

စစ်ကောင်စီရဲ့ ကန့်သတ်ချက် သုံးချက်ကြောင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်

ရန်ကုန် ၊ ဇူလိုင် (၁၇) အာဏာသိမ်း စစ်ကောင်စီရဲ့ ကြိုတင်ကန့်သတ်ချက် သုံးချက်ကြောင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သုံးသပ်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးဆွေးမှုရဲ့ အခြေခံမူအဖြစ် သတ်မှတ်ဖို့ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်…

FBI ရဲ့ အလိုအရှိဆုံးစာရင်းမှ တရားခံပြေး မူးယစ်ရာဇာတစ်ဦးအား မက္ကဆီကိုနိုင်ငံမှ ဖမ်းဆီးရမိ

ဘန်ကောက် ၊ ဇူလိုင် (၁၇) အမေရိကန် ဖက်ဒရယ်အေးဂျင့်တစ်ဦးကို သတ်ဖြတ်မှုအတွက် FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး (၁၀) ဦးစာရင်းတွင်ပါဝင်တဲ့ မူးယစ်ရာဇာတစ်ဦးကို မက္ကဆီကိုက ဖမ်းဆီးရမိခဲ့ကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မက္ကစီကို မူးယစ်ရာဇာ ရာဖယ်ကာရို ကွမ်တီရိုကို ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုတို့ဖြင့် အမေရိကန်ပြည်ထောင်စုက စွပ်စွဲခဲ့ပြီး ၁၉၈၅ ခုနှစ်တွင်…

ဂျပန်နဲ့ သမိုင်းဝင်အငြင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲတွေစတင်နိုင်ဖို့ တောင်ကိုရီးယားကြိုးပမ်းနေ

ဆိုးလ် – ဇူလိုင်(၁၇) ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေဆုံးမှုကြောင့် ဂျပန်နိုင်ငံရဲ့ ဦးစားပေးမူဝါဒတွေ ပြောင်းလဲမှာ စိုးရိမ်မှုတွေရှိနေတဲ့အတွက် နှစ်နိုင်ငံကြား သမိုင်ဝင်အငြင်းပွားမှုတွေ ကျော်လွှား နိုင်ဖို့ ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လာမယ့်သီတင်းပတ်အတွင်း မျှော်လင့်ထားတယ် လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဂျပန်ရဲ့ ၁၉၁၀ – ၁၉၄၅ ခုနှစ် ကိုရီးယားကို သိမ်းပိုက်မှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့် မြောက်အာရှ…

အမေရိကန်က ထိုင်ဝမ်အတွက် စစ်သုံးအထောက်အကူပြု ပစ္စည်းရောင်းချရေးအတည်ပြု

ဝါရှင်တန် – ဇူလိုင်(၁၇) အမေရိကန်နိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနက ဒေါ်လာ(၁၀၈) မီလျံတန်ဖိုးရှိတဲ့ စစ်သုံး အထောက် အကူပြု အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ပင်တဂွန်က ဇူလိုင်လ (၁၅) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှဒအောက်မှာ ရှိဖို့အတွက် စစ်တပ်ကို အသုံး ပြုမှုကို မငြင်းဆန်ထားပဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ဘေဂျင်းက စစ်ဘက်ဆိုင်ရာ ဖိအားတွေကို…