ကရင်နီ ၊ ဇူလိုင်(၁၅)

ဇူလိုင်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအဆုံးများခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်က ဒီမော့ဆို မြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖရူးဆိုမြို့နယ်တို့မှာ စစ်ရေးလှုပ်ရှား မှုတွေလုပ်ဆောင်ခဲ့လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာ ပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေလို့ လက်နက်ကြီးပစ်ကူနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒေါငံခါးကနေ ပူဖားကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်(၂) စီး ကို ပြောက်ကျေားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့်(၅) ဦးသေဆုံးထားသလို သေးဆူလဲ ကျေးရွာ အနီးမှာ နယ်မြေလုံခြုံရေးယူနေတဲ့ KNDF တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖရူဆို မြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်နေချိန်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး အရေအတွက် တိတိကျကျတော့ အတည်မပြုနိုင်သေးဘူးလို့ KNDF က ပြောဆိုထားပြီး မက်စလောင်း တောင်ကုန်းစခန်းတိုက်ပွဲမှာတော့ KNDF B-16 က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၁၄) ရက်နေ့က ဖယ်ခုံမြို့နယ် ပိန္နဲကုန်းရွာနဲ့ မခေခမ်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ဖယ်ခုံ PDF တပ်ရင်း(၂)၊အင်း PDF နဲ့ နေပြည်တော် PDF ပူးပေါင်းအဖွဲ့က ပြောက်ကြားတိုက်ခိုက်မှုတွေလုပ်ဆောင်ထားပါသေးတယ်။

ဖယ်ခုံတိုက်ပွဲမှဦ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစက်အထိုင်ချထားတဲ့ နေရာနဲ့ ရိက္ခာဂိုထောင်ကို RPG  နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို (၁၁) ဦးလောက်သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.