မော်လမြိုင် – ဇူလိုင်(၁၀)

အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဖြုတ်ချရေးမှာ စိတ်စေတနာထက်သန်စွာ ပါဝင် ဆောင်ရွက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို လေးစားဂုဏ်ပြုတယ်လို့ ပြောဆိုလိုက်ပါ တယ်။

ဒီနေ့ ဇူလိုင်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ အီဒွလ်အဿွ်ဟာ(ကုရ်ဗာနီအီးဒ်) နေ့မြတ် အတွက် ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့တာပါ။

အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက်အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်ရဲ့ သွန်သင်ချက်ကို ရိုသေစွာနာခံလိုက်လျှောက်တာဖြစ်ပြီး အစ္စလာမ်ရဲ့ အဓိပ္ပါယ်ဟာ ငြိမ်းချမ်းခြင်းဖြစ်ကာ ငြိမ်းချမ်းခြင်းရရှိဖို့ တရားမျှတမှုလိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားမျှတမှုမတည်ရှိ၊မဖြစ်ထွန်းရင် စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းမရှိနိုင်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ဖို့ အားလုံးမှာတာဝန်ရှိတယ်လို့ ပြော ဆိုထားပါတယ်။

ဇူလိုင်လ(၁၀) ရက်နေ့ကို အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် ဗဟိုလကြည့်စီစစ် ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ အီဒွလ်အဿွ်ဟာ (ကရ်ဗာနီအီးဒ်)အဖြစ် သတ်မှတ်ထား တာ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းမှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံပါစေလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်း ပေးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.