မော်လမြိုင် – ဇူလိုင်(၁၀)

စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကိုလွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အျိုးသားညီညွတ်ရေးအစိုးရ ကကြိုဆို ထောက်ခံတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အကြိမ်(၅၀) မြောက်အစည်းအဝေးမှာ မြန်မာနိုင်င့အတွင်းက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against Humanity) တွေနဲ့ စစ်ရာဇဝတ်မှုတွေ(War Crime) တွေ ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ တင်ပြခဲ့တာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြန်သူတွေရဲ့ ပြတ်သားတဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး သိသာစွာဖော်ပြထားတာမရှိဘူး လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားလူနည်းစု တွေအပေါ် သမိုင်ဝင်ချန်လှပ်ခွဲခြားဆက်ဆံတဲ့မူဝါဒ၊အလေ့အထတွေနဲ့ ကတိကဝတ်တွေဟာ ရက်စက်ကြမ်း ကြုပ်မှုတွေဖြစ်ပေါ်လာစေတဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့တာဟာ ရှက်ရွံ့ဖွယ်ရာ ကိစ္စကြီးတစ်ခု ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင်လုံခြုံရေးတပ်တွေက ရိုဟင်ဂျာမူဆလင်လူမျိုးတွေနဲ့ တခြား လူနည်းစုတွေ ကိုကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအပေါ် ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုံချပြီး တိုင်းရင်းသားလူနည်းစူတွေအပါအဝင် ပြည်သူလူထုအပေါ် စစ်တပ်က အရှိန်မြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာတွေရဲ့ အကျိုးဆက်တွေကို အသိအမှတ်ပြုတာနဲ့ ပတ်သက်ပြီး ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတနိုင်ငံအနေနဲ့ ကတိပြုထားတဲ့အတိုင်းလူ့အခွင့်အရေးကောင်စီရဲ့ ယန္တယား တွေ၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်င့တွေနဲ့ အပြုသဘောဆောင်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.