ခန္ဒီး – ဇူလိုင် (၁၀)

စစ်ကိုင်းတိုင်း ခန္ဒီးခရိုင်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ (၁၀) ရက်အတွင်း နှုတ်ထွက် ကြဖို့ သတိပေးထားပြီး လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားကို ဖယ်ရှား နေပြီ လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာ တာဝန်ထမးဆောင်နေကြတဲ့ အဆင့်ဆင့်သော အုပ်ချုပ် ရေးတာဝန်ယူနေသူတွေအနေနဲ့ ဇွန်လ(၉) ရက်နေ့ကစပြီး အချိန်(၁၀) ရက်အတွင်း မိမိတို့ရဲ့ ရာထူးတာဝန်နဲ့ တာဝန်ကျရာ နယ်မြေတွေကိုစွန့်ခွါကြဖို့ ခန္ဒီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားကို ဖယ်ရှားပြီး ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ညွှန်ကြားချက်ကို မလိုက်နာတဲ့သူတွေကို အကြမ်းဖက်ယန္တယားမှာ ကိုယ်တိုင်ကာယကံမြောက် ပါဝင်တယ်လို့ သတ်မှတ်မှာဖြစ်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီး သူတွေလို့ သတ်မှတ်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် တည်ဆဲဥပဒေတွေနဲ့အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မော်လိုက်ခရိုင်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကိုလည်း ချက်ချင်းနှုတ်ထွက်ဖို့ ပြည်သူ့ကာကွယ်ရေးမော်လိုက်ခရိုင်က ဒီနေ့ ဇူလိုင်လ(၁၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေသလို လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.