July 10, 2022

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်းကျော်ထိ ရှိလာ

မော်လမြိုင် – ဇူလိုင်(၉) နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ တစ်သန်းကျော်ထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ UNOCHA ရဲ့အဆိုအရ အဲဒီထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ…

တနင်္သာရီတိုင်းမှာ တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၇၀ ဦး သတ်ဖြတ်ခံခဲ့ရ

တနင်္သာရီ ၊ ဇူလိုင်(၉) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဇွန်ကလနေ အခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း အရပ်သားပြည်သူ (၁၇၀)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Southern Monitor အဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်သားပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ အရပ်သားပြည်သူ…

ကယားပြည်နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာ

ဒီမော့ဆို ၊ ဇူလိုင် (၉) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင် ပထမအပတ်ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ သင်္ဘောပင်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်…

ထားဝယ် သင်္ကန်းတုံးမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ဝင်မွှေပြီးနောက် တန်းဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွား

ထားဝယ် ၊ ဇူလိုင် (၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနောက်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ဟာ သင်္ကန်းတုံးကျေးရွာမှာ…

မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ တုံ့ပြန်တားဆီးဖို့ NUG နဲ့ MSICC တို့ ဆွေးနွေးခဲ့

မော်လမြိုင် ၊ ဇူလိုင် (၉) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို တုံ့ပြန်တားဆီးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲတဲ့ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာတော့ NUG နဲ့ MSICC တို့ကြား လက်ရှိ လက်တွဲ…

တရားမဝင် မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးတော့မည်

မော်လမြိုင် ၊ ဇူလိုင် (၉) တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်(ပန်းရောက်ကတ်) ထုတ်ပေးတော့မယ်လို့ ထိုင်းအစိုးရက အတည်ပြုကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၅…

ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့နေရာမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်နဲ့ အစားထိုးမယ်

လန်ဒန် – ဇူလိုင်(၁၀) ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်ဟာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးက နှုတ်ထွက်ပြီး (၃) ရက်အကြာမှာပဲ ဝန်ကြီးချုပ်တာဝန်ယူသွားမှာဖြစ်တယ်လို့ ဇူလိုင်လ(၈) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီမှာ အစုလိုက်အပြုံလိုက်တော်လှန်ပုန်ကန်မှုအပြီး လူထုရဲ့ ယုံကြည်မှုကို ဆိုးရွာစွာ ထိခိုက်စေခဲ့တဲ့ အရှုပ်တော်ပုံတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ဂျွန်ဆင်ဟာ ရာထူးက နှုတ်ထွက်ဖို့ ကြေညာခဲ့တာပါ။ ဂျွန်ဆင် ထွက်ခွာခါနီးမှာ နိုင်ငံရေးမသေချာမရေးရာမှုတွေ၊ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ တိုးတက်မှုနှေးကွေးတာနဲ့…

ဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ အင်တာနက်မှာရေးသားဖြန့်ဝေသူဖမ်းဆီးခံရ

စင်္ကာပူ – ဇူလိုင်(၁၀) စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ လှုံဆော်ခဲ့တဲ့ သံသယရှိသူ အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ(၈) ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ ခြိမ်းခြောက်မှု အစီရင်ခံကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး…

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်ကို ထပ်မံဝင်ရောက်စီးနင်း

ကိုလံဘို – ဇူလိုင်(၁၀) အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်သူတွေ ကရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး သမ္မတ ရဲ့တရားဝင်နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ကြပါတယ်။ သီရိလင်္ကာအလံတွေနဲ့ ဦးထုတ်တွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ သမ္မတနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာကို ဒေသတွင်းရုပ်မြင်သံကြားသတင်း NewsFirst ရုပ်သံလိုင်း မှာဖော်ပြထားပါတယ်။ လူဦးရေ(၂၂) သန်း ရှိတဲ့ ကျွန်းနိုင်ငံမှာ လောင်စာဆီ၊အစားအစာနဲ့ ဆေးဝါးတင်သွင်းမှုတွေကို ကန့်သတ်ထားသလို…