June 2022

ထိုင်းမှာ ဒီဇယ်စျေးမြင့်တက်မှုကြောင့် ပုဂ္ဂလိက ဘတ်စ်ကားလိုင်းတွေ ဇူလိုင်လကစပြီး ခရီးစဉ် ပြေးဆွဲမှုအကြိမ်ရေလျှော့ချမယ်

ဘန်ကောက် – ဇွန်(၂၂) ဒီဇယ်ဆီစျေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံအနှံ့ခရိုင်နဲ့ ဒေသအလိုက်ပြေးဆွဲနေတဲ့ ပုဂ္ဂလိ က ဘတ်စ်ကား ကုမ္ပဏီ(၂၇) ခုက လာမယ့်ဇူလိုင်လ(၁) ရက်နေ့ကစပြီး ဝန်ဆောင်မှု အကြိမ်ရေ လျှော့ချပြီး ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အစိုးရပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကတော့ ပုံမှန်အတိုင်းဝန်ဆောင်မှုတွေကို ဆက်လက် ပေးနေမှာဖြစ်ပြီး ပုဂ္ဂလ်ကဘတ်စ်ကား လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်(၂၇) ဦးက ဝန်ဆောင်…

ဖမ်းဆီးခံထားရတဲ့ အမေရိကန်တွေဟာ ရာဇဝတ်မှုကျုးလွန်သူတွေလို့ ရုရှားပြောဆို

မော်စကို – ဇွန်(၂၂) ယူကရိန်းစစ်တပ်နဲ့ အတူ တိုက်ခိုက်နေချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် နိုင်ငံသားနှစ်ဦး ဟာ ရုရှားစစ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရာဇဝတ်မှုတွေ မှာ တာဝန်ရှိတဲ့အတွက် ဖမ်းဆီး ထားတာဖြစ်တယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က NBC သတင်း ဌာနကို ပြောပါတယ်။ သူတို့ဟာ ကြေးစားစစ်သားတွေဖြစ်ပြီး ယူကရိန်းပိုင်နက်ထဲ တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ရုရှားနိုင်ငံရဲ့…

ငွေကြေးဖောင်းပွမှုကိုရင်ဆိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအတွက်အကူအညီပေးဖို့ အစီအစဉ် စင်္ကာပူအစိုးရအဖွဲ့ထုတ်ပြန်

စင်္ကာပူ – ဇွန်(၂၂) စင်္ကာပူအစိုးရဟာ ငွေကြေးဖောင်းပွမှုမြင့်တက်တာကို ရင်ဆိုင်ဖို့ ဝင်ငွေနည်းပြီး ထိခိုက်လွယ်တဲ့ အစုအဖွဲ့တွေကို သင်သာစေဖို့အတွက် ဦးတည်တဲ့ အမေရိကနဒေါ်လာ(၁.၅) ဘီလျံပါဝင်တဲ့ အထောက်အပံ့အစီအစဉ်ကို ဇွန်လ(၂၁) ရက်နေ့က ကြေငြာခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာ့ဒေသ တချို့မှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတဲ့အတွက် ထောက်ပံ့ရေးကွင်းဆက် တွေမှာ စွမ်းအင်နဲ့ အစားအသောက်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့…

ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့

မနီလာ ၊ ဇွန် (၂၁) ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယိုသည် နိုင်ငံရဲ့ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး အမျိုးသားစည်းလုံးညီညွတ်မှုရရှိဖို့ တောင်းဆိုခဲ့ပါတယ်။ “ရှေ့လာမယ့်ရက်တွေမှာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပိုမိုစည်းလုံးညီညွတ်ဖို့ တောင်းဆိုမှု စိန်ခေါ်ချက်တွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်” လို့ သူမရဲ့ ဇာတိမြို့ ဒါဗောင်းမှာ…

အိန္ဒိယရဲ့ တာလီဘန်တို့အပေါ်ဖြန့်ကျက်မှုဟာ အာဖဂန်နစ္စတန်မှာတရုတ်နေရာကိုအစားထိုးဖို့ ကမ်းလှမ်း

နယူးဒေလီ – ဇွန်(၂၁) အာဖဂန်နစ္စတန်ရဲ့ တာလီဘန်ခေါင်းဆောင်တွေနဲ့ အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့် လုပ်ဆောင်နေပြီး အာဖဂန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုံ့ဆော်မှုတွေ ရှိနေသလို တရုတ်၊ ပါကစ္စတန်တို့နဲ့ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှု အခြေအနေမှာ ဆက်ဆံရေးကို ကန့် သတ်ထားတယ်လို့ သိရပါတယ်။ ပူးတွဲအတွင်းဝန်ဂျေပီဆင်း ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့ဟာ ဒီလအစော ပိုင်းက ကဘူးလ်မြို့ကို သွားရောက်ခဲ့သလို ပြီးခဲ့တဲ့နှစ်…

အရာရှိတွေနဲ့ ဆွေးမျိုးသားချင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို တရုတ်အစိုးရတင်းကြပ်

ပေကျင်း – ဇွန်(၂၁) တရုတ်ကွန်မြူနစ်ပါတီ(CPC) ရဲ့ ဗဟိုကော်မတီအထွေထွေရုံးက အရာရှိတွေနဲ့ ဆက်စပ်နေတဲ့ ဆွေမျိုးသားချင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတစ်ရပ် ထုတ်ပြန် ခဲ့ ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ အရာရှိတွေရဲ့ ဇနီး၊သားသမီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ သူတို့နဲ့ ပတ်သက်သူတွေရဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အခြေအနေများ၊အလုပ်လုပ်ကိုင်ခွင့်အတိုင်း အတာများနဲ့ လိုအပ်တဲ့ စည်းကမ်းတွေကို ဖော်ပြထားပါတယ်။ ကြေငြာချက်မှာ မတူကွဲပြားတဲ့ အဆင့်တိုင်းနဲ့ ကဏ္ဍတိုင်းက…

မြန်မာမြောက်ပိုင်းကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့တဲ့ အန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များ

မတူပီ – ဇွန်(၂၀) ချင်းပြည်နယ်လက်နက်ကိုင်တွေအနေနဲ့ မြန်မာစစ်အစိုးရကိုသာမက အန္ဒိယနိုင်ငံက သူပုန်တွေကိုပါ တိုက်ခိုက်နေရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ မငြိမ်းချမ်းတဲ့ အခြေအနေတွေနဲ့ ပိုမို မြင့်တက်လာနေပါတယ်။ အိန္ဒိယရဲ့ မဏိပူကနယ်စပ်ဖြတ်ကျော်လာတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) နဲ့ ဇိုမီတော် လှန်ရေးတပ်မတော် အရှေ့ပိုင်းကွပ်ကဲရေးတပ်(Zomi Revolutionary Army -ZRA) တို့ကြောင့် လည်းချင်းပြည်နယ်က အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။ ချင်းအမျိုးသားတပ်ဦးရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ချင်းအမျိုးသားစစ်တပ်(Chin…

ထိုင်းမှာ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ပြီး Mask တပ်ဆင်ရေးကန့်သတ်ချက်ကို ရုတ်သိမ်း

ဘန်ကောက် – ဇွန်(၂၀) လာမယ့် ဇူလိုင်လ(၁) ရက်နေ့ကစပြီး ထိုင်းနိုင်ငံက ခရိုင်ဒေသန္တရအားလုံးကို အစိမ်းရောင်ဇုံ အဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး စီးပွားရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကိုဗစ် အခြေအနေစီမံအုပ်ချုပ်ရေးဗဟိုစင်တာရဲ့ ပြောဆိုချက်တွေအရ ပြည်ပနိုင်ငံ တွေက ထိုင်းနိုင်ငံကို လာရောက်ရင် လျှောက်ထားဖို့လိုအပ်တဲ့ Thai Pass နဲ့ Mask တပ်ဆင်မှု ကန့်သတ်ချက်တွေကို လာမယ့်…

ပါလက်စတိုင်းရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့

ဂျာရုစလမ် ၊ ဇွန် (၁၉) ပြီးခဲ့တဲ့ စနေနေ့က ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်းရှိ မြို့တစ်မြို့ကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အက်ရှ်ခလွန် မြို့ဆီကို ပစ်လွှတ်တဲ့ ဒုံးပျံကို ကြားဖြတ်ဟန့်တားခဲ့ရတာကြောင့် ဂါဇာ သို့မဟုတ် အစ္စရေးမှာ အသေအပျောက်သတင်းများ မသိရသေးဘဲ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံများဖြင့် ဒေသခံများကို…

သီရိလင်္ကာမှာ ကျောင်း နဲ့ အစိုးရရုံးတွေ ပိတ်ထားရ

ကိုလံဘို – ဇွန်(၁၉) သီရိလင်္ကာအာဏာပိုင်တွေက တင်သွင်းနေတဲ့ စက်သုံးဆီအတွက် ဒေါ်လာပေးချဖို့ မလုံလောက် လို့အများပြည်သူ သယ်ယူပို့ဆောင်ရေး အားလုံးနီးပါးရပ်နားထားရတဲ့အတွက် အစိုးရရုံးတွေနဲ့ ကျောင်းတွေကို နှစ်ပတ်ကြာ ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ စိုးရိမ်စရာအဆင့်မှာ ရှိနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီပြတ်လပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အဓိက ဝန်ဆောင်မှုတွေကို လာမယ့်တနင်္လာနေ့က စတင်ပြီး ထိန်ထားဖို့ ဌာနဆိုင်ရာတွေနဲ့ အစိုးရဌာန တွေ…