နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် အမိန့် ပေး
ပြုံယမ်း – ဇွန်(၂၅) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံးအန်းက ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှု အပြီးမှာ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ(၂၄) ရက်နေ့က ပြောဆိုခဲ့ပြီး သူ့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထပ်တိုးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက မြောက်ကိုရီးယားအနေနဲ့ (၅) နှစ်အတွင်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ပြုလုပ်နိုင်တယ်လို့ ပြောဆိုထားပြီး အစည်းအဝေး ကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။…