June 2022

ကုလသမဂ္ဂမှ တူရကီနိုင်ငံကို “တူကီယေ” လို့ တရားဝင်ပြောင်း

အန်ကာရာ – ဇွန်(၄) တူရကီနိုင်ငံ သမ္မတရဲ့ ညွှန်ကြားချက်အရ ဘာသာစကားအားလုံးမှာ တူရကီအစား တူကီယေ လို့ ခေါ်ဖို့ ကုလသမဂ္ဂက ဇွန်လ(၂) ရက်နေ့က ကြေညာခဲ့ပါတယ်။ တူရကီနိုင်ငံရဲ့ တောင်းဆိုတဲ့ တရားဝင်စာကို ကုလသမဂ္ဂ နယူးယောက်ရုံးချုပ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လက်ခံရရှိခဲ့တယ်လို့ ကုလအကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူ စတပ်ဖန်နီဒူဂျာရစ် က ပြောပါတယ်။ ပြီးခဲ့တဲ့…

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံမှာ ကိုဗစ် ပဋိပစ္စည်းရှိကြတယ်လို့ W.H.O ဆို

ဂျီနီဗာ – ဇွန်(၄) ကိုဗစ်ကူးစက်ခံထားရတဲ့ သူတွေနဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ကိုဗစ်-19 ပဋိဇီဝပစ္စည်း(Antibodies) မှာ သိသာထင်ရှားတဲ့ အဆင့်တစ်ခုအထိရှိကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က ပြောခဲ့ပါတယ်။ W.H.O ရဲ့ တကမ္ဘာလုံးအတိုင်းအတာလေ့လာချက်မှာ ရောဂါပိုးကူးစက်ခံရတာသော်လည်းကောင်း၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ပြီးနောက်မှာ သွေးအတွင်းထွက်ပေါ်လာတဲ့ ပရိုတင်းဓါတ်နှုန်းထား Seroprevalence အတိုင်းအတာဟာ ဖေဖော်ဝါရီလအတွင်း (၁၆)…

တရုတ် ရှင်ကျန်းက ကုန်ပစ္စည်းတွေပိတ်ပင်ဖို့ အမေရိကန်အဆင်သင့် ဖြစ်နေ

ရှင်ကျန်း – ဇွန်(၃) ဇွန်လနှောင်းပိုင်းမှာ ပြဌာန်းဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက သွင်းကုန်တွေအပေါ်တားမြစ်ချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန် အာဏာပိုင်တွေက အဆင်သင့်ဖြစ်နေပြီး ကင်းလွတ်ခွင့်အတွက်ခိုင်လုံတဲ့ အထောက်အထား လိုအပ်မှာဖြစ် တယ်လို့ အမေရိကန်အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။ ဝီဂါမူဆလင်တွေကို တရုတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်ကစွပ်စွဲ ထားတဲ့ အဲ့ဒီလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမည်းစက်ဖြစ်စေ မယ့်…

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာ

မွန်ဘိုင်း – ဇွန် (၃) အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း က ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းမှာ တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့ပါတယ်။ မွန်ဘိုင်းမှဦ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းအထိ ဖြစ်ပွားမှုနှုန်းဟာ (၇၂၉) ဦးအထိရှိတယ်လို့ အစီရင်ခံထားပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက အစီရင်ခံခဲ့တဲ့ (၃၁၈)…

အိုကလာဟိုးမာက ဆေးဘက်ဆိုင်ရာစင်တာတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွား၊ သေနတ်သမား အပါအဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့

အိုကလာဟိုးမား၊ ဇွန် (၃) အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ် တောလ်ဆာ မြို့ရှိ ဆေးဘက်ဆိုင်ရာ စင်တာမှာ ဇွန်လ ၁ ရက်နေ့က ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စိန့်ဖရန်စစ်ဆေးရုံဝင်းရှိ နာတာလီအဆောက်အအုံမှာ သေနတ်သမား အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း တောလ်ဆာ ရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ…

သထုံမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

သထုံ၊ ဇွန် ၃ တိုက်ပွဲတွေ ရက်အတော်ကြာ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတောလမ်းပိုင်းမှာ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါ တယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၉)က သထုံမြို့နယ်…

သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်ကုမ္ပဏီ ပြော

ကိုပင်ဟေဂင် – ဇွန် (၂) ရုရှားရဲ့ စွမ်းအင်ဝယ်ယူမှုကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ငြင်းဆိူခဲ့တဲ့အတွက် ဇွန်လ(၁) ရက်နေ့ မှာ ရုရှားက သူတို့ရဲ့ ဓာတ်ငွေ့ပေးပို့မှုကို ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ ဖင်လန်၊ပိုလန်နဲ့ ဘူလ်ဂေးရီးယားတို့ကိုလည်း သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ရပ်ဆိုင်း ထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်သာလန်နိုင်ငံကို တင်သွင်းမှုကိုလည်း…