June 2022

နိုင်ဂျီးရီးယားအနောက်တောင်ပိုင်းက ဘုရားကျောင်းတခု တိုက်ခိုက်ခံရပြီး လူ ၂၁ ဦးသေဆုံးခဲ့

အွန်ဒို၊ ဇွန် ၈ နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကက်သလစ်ဘုရားကျောင်းတခုကို သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဂျီဟတ်ဝါဒီသမားတွေဟာ တိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုများ ပြုလုပ်လေ့ရှိပေမယ့် အိုဝူမြို့ရှိ စိန့်ဖရန်စစ် ကက်သလစ် ဘုရားကျောင်းတွင်း သွေးထွက်သံယို…

နျူစမ်းသပ်မှုတွေပြုလုပ်ရင်ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့ အမေရိကန်အာဏာပိုင်တွေ မြောက်ကိုရီးယားကိုသတိပေး

ဝါရှင်တန် – ဇွန်(၈) မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု တွေပြုလုပ်မယ်ဆိုပါက အမေရိကန်၊ တောင်ကိုရီးယားနဲ့ ကမ္ဘာ့နိုင်ငံတွေက ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုတွေရှိလာမှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဇွန်လ(၇) ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ နျူကလီးယားစမ်းသပ်မှုတိုင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝချိုးဖောက်ရာ ရောက်သလို အဲ့ဒီလို စမ်းသပ်မှုတွေအပေါ် လျင်မြန်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေရှိလာနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။…

နိုင်ငံတကာလေပိုင်နက်တွေက ဖြတ်သန်းခွင့်မပြုခဲ့လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီလာဗရိုရဲ့ ဆားဗီးယား ခရီးစဉ်ဖျက်သိမ်းလိုက်ရ

မော်စကို – ဇွန်(၈) ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရိုရဲ့ လေယာဉ်ကို အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့ လေပိုင်နက်အတွင်းဖြတ်သန်းခွင်းတားဆီးခဲ့တဲ့အတွက် ဆားဗီးယားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ထိုးစစ်ဆင်ပြီးနောက် ဥရောပမှာ မော်စကိုရဲ့ ကျန်ရှိနေတဲ့မဟာမိတ်အနည်း ငယ်ထဲက တစ်ခုဖြစ်တဲ့ ဆားဗီးယားမြို့တော် ဘယ်လ်ဂရိတ်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာပါ။ “ဆားဗီးယားနိုင်ငံပတ်လည်ရှိ…

“PNO/PNA သို့မဟုတ် စစ်ကောင်စီ ဘက်တော်သား”

ရှမ်း-ကယားနယ်စပ်မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေ ပြည်သူ့စစ် (PNO/PNA) အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။ စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကို ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့က ကန့်ကွက်ကြောင်းနှင့် PNO/PNA ရဲ့ လုပ်ရပ်ကို ပအိုဝ်းတမျိုးသားလုံးက ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့နှစ်…

သံတောင်မှာ စစ်ကောင်စီ အရာရှိ တစ်ဦး စနိုက်ပါထိမှန်သေဆုံးပြီးနောက် ဒေသခံတွေ ရိုက်နက်စစ်ဆေးခံရ

သံတောင်၊ ဇွန် ၈ ကရင်ပြည်နယ် သံတောင်မြို့အနီး(၁၃)မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာ သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီအရာရှိတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ သံတောင်မြို့ သံတောင်-သံတောင်ကြီးလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် သေဆုံးမှုမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီအရာရှိ စနိုက်ပါထိမှန်သေဆုံးပြီးနောက်…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်

ကျိုက်ထို၊ ဇွန် ၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဇွန် ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်…

ဒေသန္တရရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားအာဏာရပါတီက အနိုင်ရ

ဖနွမ်ပင်၊ ဇွန် ၇ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ဒေသန္တရွေးကောက်ပွဲမှာ အာဏာရပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး အတိုက်အခံပါတီအသစ်အနေနဲ့လည်း တစုံတရာရလဒ်ကောင်းရခဲ့တယ်လို့ တရားဝင်ရလဒ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကွန်မြူနတီ ကောင်စီဝင် ၁၁,၆၂၂ နေရာမှာ ၈၀ ရာခိုင်နှုန်း အနိုင်ရပြီး အတိုက်အခံ Candlelight ပါတီက ၁၈ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့…