ဘန်ကောက် – ဇွန်(၂၇) 

မြို့ပြအကြီးစားသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) ရဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ လမ်းကြောင်း(၂၇)ခုနီးပါးအတွက် ယာဉ်ပြတ်လပ်ရှားပါးမှုတွေကို ရင်ဆိုင်နေရပြီး(၉၀) ရာခိုင် နှုန်းသောခရီးသွားပြည်သူတွေဟာ ကားရရှိနိုင်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါ တယ်။ 

BMTA ဒါရိုက်တာ ကီတစ်ကန်ချွမ်ဒေါင် က ဘတ်စ်ကားအစီးရေ (၂၈၈၅) စီးရှိတယ်လို့ ပြောဆို ထားပေမယ့် အဲ့ဒီယာဉ်တွေဟာ (၅) နှစ်ကနေ (၂၅) နှစ်သက်တမ်းရှိတဲ့အတွက် ကားတွေဟာ ကောင်းမွန်မှုမရှိသလို ပျက်နေတာတွေရှိတဲ့အတွက် ဝန်ဆောင်မှု ရပ်ဆိုင်းရတဲ့ အခြေအနေ ရှိတယ်လို့သိရပါတယ်။ 

ကိုဗစ်မတိုင်ခင်က BMTA ဟာ တစ်ရက်ကို ခရီးသည်(၈) သိန်းကနေ (၉) သိန်းကို ခရီးစဉ် (၁၉၀၀၀) လောက်ပြေးဆွဲခဲ့ပေမယ့် ကိုဗစ်ကာလမှာတော့ လမ်းကြောင်းနဲ့ အချိန်ဇယားတွေကို ပြောင်းလဲခဲ့ရပြီး ကားပေါ် တင်ဆောင်နိုင်တဲ့ ခရီးသည်အရေအတွက်ကိုလည်း ကန့်သတ်ထား ခဲ့တာပါ။

လွန်ခဲ့တဲ့ (၂) နှစ်လောက်က ဘတ်စ်ကားစီခရီးသည် (၂) သိန်းကနေ (၄) သိန်းလောက်အထိ ကျဆင်းသွားပြီး ဘတ်စ်ကားပြေးဆွဲမှုအကြိမ်ရေကိုလည်း တစ်ရက်ကို (၁၇၀၀၀) လောက်အထိ လျှော့ချထားခဲ့ရတယ်လို့သိရပါတယ်။​

လက်ရှိမှာတော့ ထိုင်ငံမှာ ကိုဗစ်ကန့်သတ်ချက်တွေကို လျှော့ချလိုက်တဲ့အတွက် နေ့စဉ်လိုက်ပါ စီးနင်းမယ့် ခရီးသည်အရေအတွက် (၇) သိန်းနီးပါးရှိခဲ့သလို တစ်ရက်ကို အကြိမ်ရေ (၁၉၀၀၀) လောက်အထိပြန်လည်မြင့်တက်လာခဲ့တာနဲ့အတူ ဘတ်စ်ကားဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး တိုင်တန် ချက်တွေလည်း ထွက်ပေါ်လာခဲ့တယ်လို့တယ်လို့ သိရပါတယ်။ 

ဘတ်စ်ကားဝန်ဆောင်မှုဆိုင်ရာ အကဲဖတ်ဆန်းစစ်ချက်တွေမှာ အဓိကအားဖြင့် ဘတ်စ်ကား ပြတ်လပ်မှု၊ယာဉ်မောင်းနဲ့ ယာဉ်စီးခကောက်ခံသူတွေနဲ့ အချိန်မီဝန်ဆောင်မှုအတွက် စီမံမှု အလွဲ အမှားတွေလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ BMTA ဒါရိုက်တာ မစ္စတာ ကစ်တီကန် က ပြောပါတယ်။ 

BMTA ကပြေးဆွဲနေတဲ့ လမ်းကြောင်းစုစုပေါင်း ၁၀၇ ခုမှ (၂၇) မှာ အရေးကြီးတဲ့ ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်နေပြီး လုပ်ငန်းလည်ပတ်မှုစုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိနေတယ်လို့ သူက ပြောပါသေးတယ်။ 

အထူးသဖြင့် ညပိုင်းအချိန်တွေမှာ ပြဿနာတွေဖြစ်ပေါ်တက်တဲ့ ယာဉ်ပြေးဆွဲမှု လမ်းကြောင်း တွေအတွက် ဝန်ဆောင်မှု အချိန်ဇယား ပြန်လည်သတ်မှတ်မှာဖြစ်ပြီး ခရီးသည်များပြားတဲ့ တချို့လမ်းကြောင်းတွေအတွက် ဘတ်စ်ကားအစီးရေပိုမိုရရှိနိုင်ဖို့ စီစဉ်ဖို့ရှိတယ်လို့ သိရပါ တယ်။ 

ဘန်ကောက်တက္ကသိုလ်ကဦးဆောင်ကောက်ခံထားတဲ့ မြို့ပြ အခြေအနေဆန်းစစ်ချက်မှာ လူအများစုဟာ အများပြည်သူသုံးဘတ်စ်ကားဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဖြေဆိုထားပါတယ်။ 

လက်ရှိအချိန်မှာတော့ ဘတ်ဂျက်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ BMTA အနေနဲ့ ဘတ်စ်ကား အသစ်ဝယ်ယူဖို့အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.