ဘန်ကောက် – ဇွန်(၂၆)

စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီ ပေးဖို့အတွက် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက မြေယာနဲ့ အဆောက်အအုံ အခွန်ပေး ဆောင်ရမယ့် နောက်ဆုံးရက်ို (၃) လတိုးမြှင့်လိုက်ပါတယ်။ 

အခွန်ဆောင်သူတွေအနေနဲ့ မူလက ဧပြီလကုန်မှာ ပေးရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဇူလိုင်လကုန်မှ ပေးဆောင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

သက်တမ်းတိုးတာဟာ ပထမဇူလိုင်လအထိရွှေ့ဆိုင်းထားပေမယ့် (၃) လတစ်ကြိမ်အရစ်ကျနဲ့ ငွေပေးချသူတွေနဲ့လည်း အကျုံးဝင်သလို ဒုတိယ မှာ ဩဂုတ်လအထိရွှေ့ဆိုင်းလိုက်ပြီး နောက်ဆုံးအနေနဲ့ စက်တင်ဘာလအထိရွေ့ဆိုင်းထားတာပါ။ 

ခရိုင်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက အခွန်ထမ်းတွေကို သူတိို့ရဲ့ အခွန်ဆောင်မှုဆိုင်ရာ တာဝန်ခံချက်တွေကို ဩဂုတ်လကုန်အထိ အကြောင်းကြားဖို့နဲ့ စက်တင်ဘာလကုန်အထိ အခွန်မဆောင်ရသေးတဲ့မြေယာရုံးတွေကို အကြောင်းကြားဖို့လည်း ပြောဆိုထားပါတယ်။ 

မြေယာနဲ့ အဆောက်အအုံအခွန်ဥပဒေအရ လယ်ယာမြေ စီးပွားဖြစ်နယ်မြေတွေနဲ့ မဖွံ့ဖြိုးသေး တဲ့ အိမ်ယာပိုင်ရှင်တွေကတော့ အခွန်ပေးဆောင်ဖို့ လိုအပ်ရမှာပါ။ 

အခွန်ဥပဒေဟာ ၂၀၂၀ ခုနှစ်မှာ စတင်အသက်ဝင်ခဲ့သလို ပထမသုံးနှစ်အတွင်း အခွန်ပေးဆောင် မှုလျှော့စျေးကို ပေးဆောင်ထားပါတယ်။ 

ကိုဗစ်ကြောင့် မြေယာနဲ့ အဆောက်အုံပိုင်ရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးသက်သာစေဖို့ အစိုးရက (၉၀) ရာခိုင်နှုန်းမြေနဲ့ အဆောက်အအုံအခွန်ဖြတ်တောက်မှုကို ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ 

ဘဏ္ဍာရေးဝန်ကြီးဌာနက မနှစ်က သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တဲ့အတွက် အခွန်ဖြတ်တောက်မှု ဟာ ၂၀၂၀-၂၀၂၁ ခုနှစ်က စတင်အသက်ဝင်ခဲ့ပေမယ့် အခွန်လျှော့စျေးအနေနဲ့ ဒီနှစ်မှာ အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.